ယောကျာ်းလေးတွေကတော့ အရက်မူးမှ ရစ်ကြပေမယ့် မိန်းကလေးတွေကတော့ မသောက်ထားလည်း ရစ်တတ်တာကတော့ မွေးရာပါအကျင့်တစ်ခုလို့ ပြောရမလားပါပဲ။ကိုယ့်ရဲ့ချစ်သူကို သဝန်တိုတဲ့အခါ အချစ်လွန်တဲ့အခါ ဖြစ်ပေါ်လာတဲ့ခံစားချက်ဖြစ်တာမို့ ကျား၊မ မရွေး ဖြစ်တတ်တဲ့သဘောပါ။

အကယ်လို့ သင်က အဲ့ဒီလို ရစ်တတ်တဲ့ ချစ်သူမျိုး ရရှိထားရင်တော့ ကံကောင်းပြီသာမှတ်ပါ။ ဘာကြောင့်လဲဆိုတော့ -

(၁) သင့်ကို ရစ်နေရရင် သူစိတ်ချမ်းသာတယ်

သင့်ကိုတကယ်လည်းချစ်တယ်၊ သူ့ပျော်ရွှင်မှုက သင့်ဆီမှာပါပဲ။

(၂) ရစ်တဲ့အတွက် တခြားတစ်ယောက်ဆီ အာရုံများမှာ စိတ်မပူရပါဘူး။

ဟုတ်ပါတယ် ရစ်တဲ့ချစ်သူက သူ့ခေါင်းထဲမှာ သူနဲ့မတွေ့တဲ့အချိန်တွေ သင် ဘာလုပ်နေမလဲ ၊ဘယ်မှာဘယ်သူနဲ့ ရှိနေမလဲ ဘယ်သူနဲ့ကြူနေမလဲဆိုတာ တွေးနေရတာနဲ့တင် အခြားတစ်ယောက်နဲ့ သူဖောက်ပြန်ဖို့ဆိုတာ ဝေလာဝေးပါပဲ။

(၃) ရစ်တယ်ဆိုတာ သင့်မိသားစုထက်သင့်ကိုဂရုစိုက်သူပါ

သူ့ရဲ့အချိန်တော်တော်များများကို သင့်ဆီပဲ ပုံအပ်ထားတယ်ဆိုတာ သိသာပါတယ်။ လူတစ်ယောက်က ဥပက္ခာ ပြုထားရင် အဲ့ဒီလူ ဘာလုပ်လုပ် အသေးစိတ် လေကုန်ခံပြီးလိုက်ပြောမှာမဟုတ်ဘူး ။ သင့်မိသားစုဝင်တွေထက်တောင် သင့်ကို ပိုချစ်ပြီး ပိုတန်ဖိုးထားတာကြောင့် သင့်ရဲ့ အပြုအမူလေးတွေ ဘယ်ဟာတွေက မမှားသင့်လဲ ဘယ်လိုလုပ်ရင် မကောင်းဘူးလဲဆိုတာ သူက လမ်းပြပေးသလိုပါပဲ။

(၄) ရစ်တာက ချစ်လွန်းလို့ပါ။

ဒီအချက်က အသေချာဆုံးပါပဲ။ သင့်ကို ဘယ်သူနဲ့မှမတူအောင် ချစ်လွန်းတာကြောင့် သူက ချစ်စနိုးနဲ့အနိုင်ယူချင်ရုံသပ်သပ်ပါပဲ။ ရစ်တယ်ဆိုတာ သင့်ဆီက အချော့လေးတွေခံချင်လို့ သင့်ဂရုစိုက်မှုလေးတွေလိုချင်လို့လည်း ဖြစ်ပါတယ်။

ကဲ ပရိသတ်ကြီးရော ဒီလိုရစ်တတ်တဲ့ ဂျပန်မူလီတွေကို ပိုင်ဆိုင်ထားပြီလား။ ဒါဆိုရင် ကံကောင်းပြီသာမှတ်ပြီး လက်လွတ်မခံနဲ့နော်။ 

Photo- Now Magazine Cover

#Stella

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။