ပြီးခဲ့တဲ့ ကြာသပတေးနေ့ ည(၂)နာရီအချိန်တွင် မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့ရှိ လူနေကွန်ဒို တိုက်ခန်း အထပ်(၂၀)မှ အဝတ်ဗလာနဲ့ မော်ဒယ်လ်တစ်ဦး ပြုတ်ကျ သေဆုံးခဲ့တယ်လို့ မလေးရှားရဲအဖွဲ့ က သတင်းထုတ်ပြန် ထားတာပဲဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် သေဆုံးသူအမျိုးသမီးမှာ Ivana Esther Robert Smit အမည်ရှိ မော်ဒယ်တစ်ဦး ဖြစ်ပြီး ဒတ်ချ်နှင့် ဘယ်လ်ဂျီယံ နှစ်နိုင်ငံသား ခံယူထားသူ တစ်ယောက် ဖြစ်တယ်လို့သိရပါတယ်။သူမဟာ အမူးလွန်နေချိန် အထပ် ၂၀ အမြင့် လာသာဆောင်မှ ပြုတ်ကျခဲ့ပြီး ၆ လွှာရှိ လသာဆောင် ကြမ်းပြင်နဲ့ရိုက်ကာ သေဆုံးနေခဲ့တယ်လို့ သိရပါတယ်။  

အဆိုပါ သေဆုံးသူမော်ဒယ်ဟာ သူမကွန်ဒိုပေါ်က ပြုတ်မကျမှီ ညကသူမရဲ့ မိတ်ဆွေနှစ်ဦးဖြစ်တဲ့ အမေရိကန်အမျိုးသားနှင့် ကာဇစ်စတန်အမျိုးသမီး တို့စုံတွဲနဲ့ အတူ ညဘက်အပြင်ထွက်ပြီး ပြန်လာခဲ့လာရမှ အခုလို ပြုတ်ကျ သေဆုံးမှုဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ သူမ အမူးလွန်ပြီး အဝတ်မပါပဲ လသာဆောင်သို့ ထွက်စဉ် ပြုတ်ကျခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပြီး လတ်တလောမှာတော့ အမှုကို ရုတ်တရက် မတော်တဆသေဆုံးမှုအဖြစ် သတ်မှတ်ထားကြောင်း လက်ထောက်ရဲအရာရှိ Shaharuddin Abdullah ကပြောပါတယ်။  

၎င်းမော်ဒယ်သေဆုံးမှုနှင့် ပက်သက်ပြီးစူံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး အခြား သိရှိထားသူများအနေနဲ့ ရဲဌာနသို့ လာရောက်ဆက်သွယ်ကြ မလေးရှားရဲအဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ Ivana Esther Robert Smit ဟာ သူမ အသက် ၁၅ နှစ်အရွယ် ၂၀၁၄ ခုနှစ်က မလေးရှားစူပါမော်ဒ်လ် ရွေးချယ်ပွဲကြီးတွင် ဒုတိယဆု ဆွတ်ခူးရရှိခဲ့ မော်ဒယ်တစ်ဦးပဲဖြစ်ပါတယ်။ 

Source - popolay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။