ဆွံ့အ နားမကြားအမျိုးသမီးတစ်ဦး အိမ်သာသွားစဉ်အဓမ္မပြုကျင့်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် နိုဝင်ဘာ(၂၁)ရက်က အသက်(၂၃)နှစ်အရွယ် ဆွံ့အ နားမကြား အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရကြောင်း မင်းကင်းမြို့မရဲစခန်းမှ သိရှိရသည်။

မင်းကင်းမြို့နယ် လောင်းသည်ရွာနေ ဆွံ့အ နားမကြားသူ မ——–သည် ရွာ၏အနီးပတ်ဝန်းကျင်ခြုံအတွင်း၌ အပေါ့အလေးစွန့်ပစ်ရန်သွားစဉ်အသက်(၃၃)နှစ်အရွယ် ကိုချိုလင်းမှချစ်ကြိုက်ကြောင်း ပြောဆိုရာမှ မ—–က လက်ဟန်ခြေဟန်ဖြင့်ငြင်းပယ်ခဲ့ရာ ကိုချိုလင်းမှ ခြုံအတွင်းခေါ် ဆောင်၍ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

"တောရွာဆိုတော့ အိမ်မှာ အိမ်သာမရှိဘူး။ မိန်းကလေးက ရွာအပြင်မှာ ထွက်ပြီး အပေါ့အလေးစွန့်တယ်။ ဒါနဲ့ ချိုလင်းက ချစ်ကြောင်းကြိုက်ကြောင်းပြောတယ်။ မိန်းကလေးက ငြင်းရာကနေ အခုလို အဓမ္မပြုကျင့်တဲ့ အထိ ရောက်သွားတာပါ။”ဟု မင်းကင်းမြို့မ ရဲစခန်းမှ ဒုရဲမှူး တင်ယုက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ မင်းကင်းမြို့မ ရဲစခန်းမှ (ပ)၁၉၉/၂၀၁၆ ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် ချိုလင်းအား အရေးယူထားကြောင်း သိရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။