ခြေလက် ထုံကျဉ်ခြင်းကို လူတိုင်းနီးပါး ကိုယ်တိုင် ကြုံတွေ့ဖူးကြပါတယ်။ တစ်ချို့ဆိုရင် ဖိနပ် ကျွတ်လို့ ကျွတ်မှန်း မသိလောက်အောင်ကို ခြေထောက် ထုံကျဉ်ကြပါတယ်။ ဘယ်လို လူမျိုးတွေက ခြေလက် ထုံကျဉ်လေ့ရှိလဲ ??? ခြေလက် ထုံကျဉ်ခြင်းနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် အနေနဲ့ ဘာတွေ သိထားသင့်လဲ ??? စသည်ဖြင့် ဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။ 

ခြေလက် ထုံကျဉ်ခြင်းကို ခံစားရတဲ့ အဓိက အကြောင်းရင်းများကတော့ -

- ဆီးချိုရောဂါ ရှိသူများ (ဆူးနှင့်ထိုးသလို၊ ဘီးနှင့် စိုက်ထားသလို ခံစားရခြင်း)

- Vitamin B ချို့တဲ့သူများ

- အာရုံကြောဆိုင်ရာ ရောဂါ ရှိသူများ

- အာရုံကြော အားနည်းသူများ

- အရက်သောက်သုံး လွန်းသူများ

- ခါးတွင် ကျီးပေါင်းဖြစ်သူများ

- အကြာကြီး ထိုင်သူများ

- တစ်စုံတစ်ရာနှင့် ရုတ်တရက် ထိခိုက်မိခြင်း …. စတဲ့ အချက်တွေကြောင့် ခြေလက် ထုံကျဉ်တာမျိုး ဖြစ်ပါတယ်။ 

ကြာကြာထိုင်ရလို့၊ တစ်ခုခုနဲ့ ထိခိုက်မိလို့ ခြေလက် ထုံကျဉ်ခြင်းက ခဏတာမျှသာ ခံစားရတာ ဖြစ်ပြီး ကျန်းမာရေးအနေနဲ့ စိုးရိမ်စရာ မရှိပါဘူး။ သို့သော် ဆီးချိုရောဂါ၊ အာရုံကြောဆိုင်ရာ ရောဂါ ရှိသူများ၊ ကျီးပေါင်း ရှိသူများ စသည်ဖြင့် ကျန်းမာရေး ချို့တဲ့မှုကြောင့် ခြေလက် ထုံကျဉ်နေတယ် ဆိုရင်တော့ မဖြစ်မနေ ဆေးကုသမှု ခံယူဖို့ အရေးကြီးပါတယ်။ ဆေးကုသမှု ခံယူခြင်းက နောက်ကျတဲ့အခါ မလိုအပ်တဲ့ ဘေးထွက်ဆိုးကျိုးများကို ရရှိစေတာမို့ ဆရာဝန်နှင့် ပြသပြီး ဆေးကုသမှု ခံယူဖို့ အကြံပေးချင်ပါတယ်။

ကျန်းမာရေးဗဟုသုတများ တစ်နေ့ထက်တစ်နေ့ တိုးပွားပြီး ကျန်းမာချမ်းသာသော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - ဒေါက်တာ ကျော်စွာဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။