မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဒေါ်စုစုလွင်တို့သည် ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ်ထွက်ခွာသွားကြောင်း သိရှိရပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဒေါ်စုစုလွင်တို့သည် မနေ့ည ၁၀ နာရီကျော်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ သမ္မတဦးထင်ကျော်သည် တိုကျိုမြို့မှာ ဒီဇင်ဘာ ၁၄ ရက်နေ့ ကျင်းပမယ့် Universal Health Coverage Forum အဆင့်မြင့်အစည်းအဝေးကို တက်ရောက်ဖို့ထွက်ခွာခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတဦးထင်ကျော်အနေဖြင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဂျပန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ သွားရောက်တာလည်း ဖြစ်ပါတယ်။  

ဒီဇင်ဘာ ၁၄ နှင့် ၁၅ ရက်တွင် နိုင်ငံတကာ အဆင့်မြင့်ခေါင်းဆောင်များ တက်ရောက် ရန် ဖိတ်ကြားထားကြောင်း UHC က သတင်းထုတ်ပြန်ထားပါတယ်။ မကြာသေးခင်ကလည်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် မြန်မာပြည်သို့ အလည်ပတ်ခရီးလာခဲ့သည်။ အဆိုပါ အလည်အပတ်တွင် နိုင်ငံတော်သမ္မတဦးထင်ကျော်သည် ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံခဲ့သေးသည်။ ဒါ့အပြင် သမ္မတ ဦးထင်ကျော်သည် ထိုင်းဘုရင်ဘူမိဘော၏ တော်ဝင် စျာပနအခမ်းအနားတက်ရောက် ရန် အောက်တိုဘာ ၂၅ ရက်က ထိုင်းနိုင်ငံသို့သွားရောက်ခဲ့သည်။ဦးထင်ကျော်သည် သမ္မတ အဖြစ်တာဝန်ယူပြီးနောက် ပထမ ဆုံးပြည်ပခရီးစဉ်အဖြစ် ၂၀၁၆ မေလ ၆ ရက်က လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ နေ့ချင်းပြန်ခရီး သွားရောက်ခဲ့ပါတယ်။ 

၂၀၁၆ ဇူလိုင် ၁၃ ရက်က လည်း မွန်ဂိုလီးယားနိုင်ငံအူလန် ဘာတာမြို့၌ ကျင်းပသည့်(၁၁) ကြိမ်မြောက်အာရှ၊ ဥရောပထိပ် သီးအစည်းအဝေး (ASEM) တက်ရောက်ခဲ့သည်။ ထို့အပြင် ယင်းနှစ်ဩဂုတ် ၂၇ ရက်က အိန္ဒိယအစိုးရ၏ ဖိတ် ကြားချက်အရ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး အောက်တိုဘာ ၂၅ ရက်ကလည်း(၈)ကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ်-မဲခေါင် ညီလာခံသို့ တက်ရောက်ရန် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ သည်။ ၂၀၁၇ ပထမဆုံးပြည်ပ ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၃ ရက် က ကမ္ဘောဒီးယားနိုင်ငံသို့ နှစ်နိုင်ငံချစ်ကြည်ရေးခရီး သွားရောက် ခဲ့သည်။ ထို့အပြင် ဧပြီ ၆ ရက်က လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ စီကျင်းပင်၏ ဖိတ် ကြားချက်အရ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ သမ္မတဦးထင်ကျော်၏ ယခု သွားရောက်မည့် ဂျပန်နိုင်ငံခရီး စဉ်သည် ပြည်ပနိုင်ငံသို့ရှစ်နိုင်ငံ မြောက်သွားရောက်သည့် ခရီးစဉ် ဖြစ်ပါတယ်။

Source – DvB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။