ဒီဇင်ဘာ(၁၂)ရက်နေ့ မနေ့က ညနေပိုင်းအချိန် ရန်ကုန်မြို့၊ပြည်လမ်းပေါ်ရှိ၊ အများပြည်သူများ အပန်းဖြေ နားခိုရာ တော်ဝင်စင်တာတွင် ဈေးဝယ်လာသူ ဧည့်သည့်တစ်ဦး သိန်း(၄၀) ကျော်တန် တန်ဖိုးကြီး စိန်လက်ကောက် တစ်ကွင်း ကျပျောက်ခဲ့တယ် လို့သိရပါတယ်။ အဆိုပါ ဈေးဝယ်လာသူ ဧည့်သည့်ဟာ Taw win Centre B2 ကားပါကင်မှာ ကျပျောက်ခဲ့တာပဲဖြစ်ပါတယ်။ကံကောင်းထောက်မ စွာနဲ့ပဲ Taw Win Centre မှာ လုံခြုံရေးတာဝန်ထမ်းဆောင် နေတဲ့ ဝန်ထမ်းဖြစ်သူ ဒေါ်အေးအေးထွေး ဟာ၎င်း စိန်လက်ကောက်ကို ကောက်ရခဲ့ပြီး Taw Win Centre လုံခြုံရေးရုံးခန်းသို့ လာရောက် အပ်နှံခဲ့တယ်လို့သိရပါတယ်။

အဆိုပါ စိန်လက်ကောက်အား ပိုင်ရှင်များမှ Taw win Centre B2 ကားပါကင်မှာ သွားရောက်ရှာဖွေနေစဉ် Taw Win Centre မှ တာဝန်ရှိ လူကြီးမင်းများနဲ့ လုံခြုံရေးဝန်ထမ်းများမှ ဆက်သွယ်ကာ စိန်လက်ကောက်ပိုင်ရှင်အား ပိုင်ဆိုင်မှု အထောက် အထားများ အားစစ်ဆေး၍ ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ စိန်လက်ကောက် ပိုင်ရှင်မှလည်း ကျေးဇူး ဆပ်သည့် အနေဖြင့် အဆိုပါ လုံခြုံရေး ဝန်ထမ်း အမျိုးသမီးအား မုန့်ဖိုး တစ်သိန်း ပေးသွားခဲ့တယ်လို့သိရပါတယ်။လုံခြုံရေးဝန်ထမ်းအမျိုးသမီး ရဲ့ တကယ်ကို လေးစားအတုယူဖွယ် ကောင်းတဲ့ လုပ်ရပ်လေးကိုလဲ စာဖတ် ပရိသတ်တွေမျှဝေပေးလိုက်ပါတယ်။ 

Source - Lulin Maungmaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။