မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဟက်ဒါဖီးအသင်းကို ချဲလ်ဆီးအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ယခုနိုင်ပွဲကြောင့် မန်ယူအသင်းနဲ့ ရလဒ်တူကာ အဆင့် ၃ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းက တစ်ပွဲပိုကန်ထားတာဖြစ်ပြီး မန်ယူအသင်းဟာ ဒီနေ့ည မှာ ဘုန်းမောက်အသင်းနဲ့ ကစားသွားရမှာလည်းဖြစ်ပါတယ်။ 

ဟက်ဒါဖီလ်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အင့်စ်၊ မူနီရီ၊ မွိုင်း၊ ဟော့ဂျ်၊ ဝီလီယံ၊ လိုဝီ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟာဇတ်၊ ပတ်ဒရို၊ ဝီလီယံ၊ အလွန်ဆို၊ ဘာကာယိုကို၊ ကန်တေ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ အဝေးကွင်းမှာ သက်သက်သာသာ ပဲ အနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မိုရာတာ ကတော့ ဒဏ်ရာပြသာနာကြောင့် မပါဝင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအတွက် အဖွင့်ဂိုးကိုတော့ ၂၃ မိနစ် မှာ ဘာကာယိုကိုက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၄၃ မိနစ်မှာတော့ ဝီလီယံက ချဲလ်ဆီးအသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၅၀ မှာတော့ ပတ်ဒရို က ချဲလ်ဆီးအသင်းအတွက် တတိယဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။အိမ်ရှင်အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ဒီပွိုင်ထရီ က နောက်ဆုံးမိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။