ပရိသတ်ကြီးရေ ဘာလိုလိုနဲ့ ဒီဇင်ဘာလတောင်ရောက်နေပြီဆိုတော့ ဆောင်းရာသီရဲ့ အစွမ်းတွေကတော့ ပြနေပြီနော်။ ဒါ့ကြောင့် ဒီလိုကာလမှာ အဖြစ်များတတ်တဲ့ အသားပတ်တာကို လူတိုင်းလိုလို ကြောက်ကြပါတယ်။ အသားပတ်တဲ့အခါ မိန်းကလေးတွေအနေနဲ့လည်း မိတ်ကပ်လိမ်းခြယ်ရတာ အဆင်မပြေသလို မျက်နှာပြောင်နဲ့ နေတတ်သူတွေဖို့လည်း ကြည့်မကောင်းပါဘူး။ Winter Wash လို့ ခေါ်တဲ့ အရေပြားအသားပတ်ခြင်း ဖြစ်ရတဲ့အကြောင်းရင်းကတော့

အရေပြားရဲ့ အပြင်ဘက်အလွှာက ရေဓာတ်ကို ထိန်းထားပေးနိုင်တဲ့ သဘာဝအဆီနှင့် အရေပြားဆဲလ်တွေ ရှိတာကြောင့် အရေပြားဟာ နူးညံ့ပြီး အစိုဓာတ်ပြည့်ဝနေတာ ဖြစ်ပါတယ်။ လေထုအေးခြင်း၊ စိုထိုင်းစနည်းပါးခြင်းနှင့် လေထန်ခြင်းတို့က အရေပြားမှာရှိတဲ့ သဘာဝအဆီကို ဆုံးရှုံးစေတာကြောင့် အသားအရေ စိုပြေမှုမရှိဘဲ ခြောက်သွေ့ကြမ်းတမ်းမှုနှင့် Winter Rash ကို ဖြစ်စေပါတယ်။ နေလောင်ခံရခြင်း၊ ဘက်တီးရီးယား (သို့) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ Latex နှင့် ဓာတ်မ,တည့်ခြင်း၊ အမွှေးဆပ်ပြာ၊ ချေးချွတ်ရည် ဒါမှမဟုတ် ဓာတုပစ္စည်းများနှင့် ထိတွေ့ရာမှလည်း Winter Rash ဖြစ်နိုင်ပါတယ်။

အသားပတ်နေပြီဆိုရင်တော့ ဒီလိုနညး်လမ်းတွေနဲ့ ကုသဖို့လိုအပ်ပါတယ်။

1. အစိုဓာတ်ထိန်းခရင်မ် မကြာခဏ လိမ်းပေးပါ။ အထူးသဖြင့် ရေချိုးပြီးပြီးချင်းအချိန်နှင့် လက်ဆေးပြီးအချိန်မှာ လိမ်းပေးခြင်းဖြင့် Winter Rash မဖြစ်အောင် ရှေ့တန်းခံတပ်အနေဖြင့် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

2. ရေနဲ့ ဂျယ်လီဟာ အရေပြားအတွင်းမှာ အစိုဓာတ်ကို ထိန်းထားနိုင်တဲ့ အရန်အတားအဖြစ် ဆောင်ရွက်ပေးတာကြောင့် ရေနဲ့ ဂျယ်လီကို လိမ်းပေးနိုင်ပါတယ်။ ရေနဲ့ ဂျယ်လီအစား Waxelene (သို့) Un-Petroleum ကိုလည်း အသုံးပြုနိုင်ပါတယ်။

3. အုန်းဆီ၊ သံလွင်ဆီ စတဲ့ သဘာဝအဆီတွေက ယားယံနေတဲ့ အရေပြားကို နူးညံ့စေပြီး အစိုဓာတ်ကို ပြန်လည်ထိန်းသိမ်းပေးနိုင်တဲ့ ဆရာတစ်ဆူ ဖြစ်ပါတယ်။

4. နို့ဖြင့် ရေချိုးခြင်းကလည်း ယားယံနေတဲ့ အသားအရေကို သက်သာစေပါတယ်။ ယားယံနေတဲ့နေရာကို ဂွမ်းစ (သို့) သန့်ရှင်းသောအဝတ်စကို အသုံးပြုပြီး နွားနို့နှင့် တို့ပေးပါ။ ဒါမှမဟုတ် နွားနို့ထည့်ထားတဲ့ ရေစိမ်ကန်ထဲမှာ 10 မိနစ်ခန့် စိမ်ပေးပါ။

5. အုတ်ဂျုံဖြင့် ပြလုပ်ထားတဲ့ဆပ်ပြာ အသုံးပြုပေးပါ။ ဒါမှမဟုတ် ရေချိုးကန်ထဲတွင် ရေနွေးနှင့် ကောင်းစွာ ကြိတ်ချေထားတဲ့အုတ်ဂျံု ရောစပ်ပြီး 10 မိနစ်ခန့် စိမ်ပေးပါ။

6. နီမြန်းရောင်ရမ်းမှုတွေ သက်သာဖို့အတွက် Cortisone (ကော်တီဇုန်း) ခရင်မ်ကို ဆရာဝန် ညွှနကြားချက်အတိုင်း အသုံးပြုနိုင်ပါတယ်။

Winter Rash ခံစားရသူ အများစုဟာ အိမ်တွင်းကုထုံးများဖြင့် သက်သာသွားလေ့ရှိသော်လည်း ရောဂါလက္ခဏာများ ပိုမိုဆိုးဝါးလာခြင်း၊ ယားယံခြင်း သက်သာစေရန် ကုတ်ဖဲ့ခြင်းမှတစ်ဆင့် အရေပြား ပိုးဝင်ခြင်းတို့ ဖြစ်ပါက ဆရာဝန်နှင့် ပြသပါ။

အကောင်းဆုံးသော ကာကွယ်နည်းတွေကတော့ -

1. ရေပူပူနွေးနွေးဖြင့် ရေချိုးခြင်း၊ ရေချိုးတဲ့ အကြိမ်ရေများခြင်းကို ရှောင်ကြဉ်ပါ။ ချွေးသိပ်ထွက်လေ့မရှိတဲ့ ဆောင်းရာသီလို ရာသီမျိုးမှာ တစ်ရက်မှာ တစ်ခါ ရေချိုးပေးရုံနဲ့ လုံလောက်ပါတယ်။

2. နေရဲ့ဝန်းကျင်ရှိ လေထုထဲတွင် အစိုဓာတ်ပြည့်ဝနေစေရန် ရေငွေ့ထုတ်လွှတ်စက် အသုံးပြုပါ။ သေးငယ်တဲ့ ရေငွေ့ထုတ်လွှတ်စက်တွေကို အိမ်ထဲတွင် ဖြန့်ကျက်ထားခြင်းဖြင့် အိမ်တွင်းလေထု စိုထိုင်းမှုကို ညီမျှနေစေမှာ ဖြစ်ပါတယ်။

3. သဘာဝပစ္စည်း ဂရစ်ဆလင်းအလှဆီ၊ ဆိတ်နို့၊ Shea Butter (သို့) သံလွင်ဆီ စတဲ့ ပါ၀င်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဆပ်ပြာကို ရွေးချယ်အသုံးပြုပါ။

4. လေဝင်လေထွက်ကောင်းပြီး သဘာဝအမျှင်များဖြစ်တဲ့ ချည်ထည်များကို အရေပြား ယားယံမှုနှင့် ပူလောင်မှုဒဏ်ကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

5. လက်အိတ် ၀တ်ဆင်ပါ။ အပြင်ထွက်တဲ့အခါတိုင်း လက်အိတ် မဖြစ်မနေ ၀တ်ဆင်ပါ။ ပန်းကန်ဆေးမယ့်ရေနှင့် အချိန်အတိုင်းအတာတစ်ခုအထိ ထိတွေ့မယ့် ဓာတုပစ္စည်းတွေဖြင့် ထိတွေ့မယ်ဆိုပါကလည်း လက်အိတ်ဝတ်ပေးဖို့ လိုအပ်ပါတယ်။

6. နေလောင်ကာခရင်မ် လိမ်းပါ။ ဆောင်းရာသီမှာ နေလောင်ဒဏ်ခံရခြင်း ကင်းဝေးစေဖို့အတွက် SPF 30 နှင့်အထက် ပါ၀င်တဲ့ နေလောင်ကာခရင်မ်ကို မဖြစ်မနေ လိမ်းပေးရပါမယ်။

7. အပူချိန်ပြင်းပြင်းနှင့် အရေပြား ထိတွေ့ခြင်းမှ အချိန်အကြာကြီး မီးလှုံခြင်းကို ရှောင်ရှားသင့်ပါတယ်။

Source : Dr Myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။