အနုပညာလောကသားတွေ အများစုကတော့ ခရီးထွက်လေ့ အများဆုံးဖြစ်ပါတယ်။ အကောင်းဆုံးနေရာ အလန်းဆုံးမြင်ကွင်း စိတ်၏ထွက်ပေါက်တစ်ခုကို လူတိုင်းရှာနေကြတာချင်းတူတူ ပါပဲ။ ခုတလောနာမည်ကြီးနေတဲ့ ဂေါ်ရန်ဂျီကျွန်းကို ဒါရိုက်တာ မင်းသားကြီး သားညီအပါအဝင် မင်းသွေး၊ သားငယ်၊ ညီမင်းခိုင် စတဲ့ အနုပညာလောကသားတွေ သွားခဲ့ကြောင်း သိရပါတယ်။

ဒါရိုက်တာ မင်းသားကြီးသားညီရဲ့အကောင့်တွင် ဂေါ်ရန်ဂျီကျွန်းသို့ သွားသည့်နေ့မှာ ယနေ့ထိ လုပ်ဆောင်ချက်များ ညအလှများ သီချင်းဆိုမှုများ အစရှိသည်တို့ပါ မကျန် တင်ထားပါတယ်။ ပျော်ရွှင်စရာတွေ ရှိတဲ့ နေရာတစ်ခုဖြစ်တဲ့အပြင် လှပတဲ့ ကျွန်းတစ်ကျွန်းပါ အခုမှ နာမည်ရဆဲဆိုပေမယ့်လည်း လူအများစုရဲ့ စိတ်ထွက်ေပါက်ပြေရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ 

ပရိသတ်ချစ် အနုပညာရှင်အများအပြား သွားနေကြတဲ့ ဂေါ်ရန်ဂျီကျွန်းကို လက်ရှိ သားငယ်၊ သားညီ၊ ညီမင်းခန့် ၊ မင်းသွေးရောက်ရှိနေကြောင်း ပြောပြရင်းပရိသတ်ကြီးကို ပုံရိပ်အချို့နဲ့ အတူ မျှဝေပေးလိုက်ပါတယ်။

Source – Thar Nyi  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။