မြန်မာနိုင်ငံရဲ့ သွားလာ ရေးခက်ခဲတဲ့ နေရာဒေသတွေမှာ ကလေးငယ်များ ပညာသင်ကြားရေး အတွက် ဆရာ၊ ဆရာမငါးရာကျော် လစ်လပ်နေ တယ်လို့ လဟယ်မြို့ နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကယ်ကပြောပါတယ်။ ယခုနှစ်အတွက် လက်ရှိမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ လဟယ်၊ နန်း ယွန်းနှင့် လေရှီးမြို့နယ်များတွင် ကလေးငယ်များပညာသင်ကြားရေးအတွက် ဆရာ၊ ဆရာမ ၅၀၀ ခန့် လိုအပ်နေတယ်လို့ သိရပါတယ်။ လဟယ်မြို့နယ် တစ်ခု တည်းမှာ လစ်လပ်ဆရာ၊ ဆရာမ ဝန်ထမ်း ၂၆၀ ရှိပြီး ကျန်တဲ့ မြို့နယ်တွေပါ ပေါင်းလိုက်ရင် ဆရာ၊ ဆရာမ ငါးရာကျော်လောက် လိုအပ်နေတယ် လို့ ၎င်းက ပြောပါတယ်။ 

အဆိုပါဒေသအတွက် ဆရာ၊ ဆရာမခန့် အပ်ထားမှု နည်းပါးတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ကြောင့် မလာတဲ့ ပညာရေးဝန်ထမ်း တွေလဲ ရှိနေတယ်လို့ သိရပါတယ်။ ယခုနှစ်အတွင်း နာဂဒေသမှာ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ အပြောင်းအရွှေ့များ ပြုလုပ်ပြီး ချိန်တွင် တာဝန်ထမ်းဆောင်ရန် ပြန်ရောက်မလာသော ဆရာ၊ ဆရာမဝန်ထမ်း ၁၀၀ ခန့်ရှိ တယ်လို့လည်း သိရပါတယ်။ 

နာဂဒေသမှာ ဆရာ၊ ဆရာမအင်အားတွေ တိုး မြှင့်ခန့်အပ်သွားဖို့လုပ်ဆောင်နေကြပြီး ခန့်ထားတဲ့ ပညာရေးဝန်ထမ်းတွေ တာဝန် ပျက်ကွက်ခဲ့ရင် သက်ဆိုင်ရာ ကျောင်းကော်မတီ တာဝန်ရှိသူ တွေက တိုင်းဒေသကြီးအစိုးရကို တင်ပြကြရန် စစ်ကိုင်းတိုင်းဒေသကြီးအ စိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက် တာဇော်ဝင်းက ပြောကပါတယ်။နာဂဒေသ လဟယ်မြို့နယ် တွင် ဆရာ၊ ဆရာမအခက်အခဲကြောင့် ကျောင်းမဖွင့်နိုင်သေး သော ကျေးရွာ လေးရွာခန့်ရှိပြီး ဆရာ၊ ဆရာမတစ်ယောက်တည်း ဖြင့် မူလတန်းအဆင့် ကျောင်း သား၊ ကျောင်းသူများကို ပညာ သင်ကြားပေးနေသော ကျေးရွာ အများအပြားလည်း ရှိနေတယ် လို့သိရပါတယ်။

Source - 7 day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။