ဇေရဲထက်နှင့် ရွှေမှုန်ရတီ တို့ရဲ့ အကျင်္ ီကြော်ငြာ

နာမည်ကြီး ရုပ်ရှင်မင်းသား ဇေရဲထက် နှင့် ဆာ်ကျော်သက် ထိပ်တန်းမင်းသမီး ရွှေမှုန်ရတီတို့ဟာ အကျင်္ ီ ီတံဆိပ်အသစ်တစ်ခုအတွက် ဓာတ်ပုံရိုက်ကူးနေကြပါတယ်။ အနုပညာမျိုးရိုးမရှိဘဲ ဝါသနာအရင်းခံပြီး ကိုယ့်ထူးကိုယ်ချွန်ဘဝနဲ့ အနုပညာလောကကို ဝင်ရောက်လာတဲ့ ဇေရဲထက်ဟာ အခုအချိန်မှာတော့ နာမည်ကြီးမင်းသားတစ်လက်အဖြစ် ရပ်တည်နေပြီး ဗီဒီယိုနှင့် ရုပ်ရှင်ဇာတ်ကားများစွာ ပါဝင် ရိုက်ကူးထားတာတွေ့ရပါတယ်။ 

ရွှေမှုန်ရတီကတော့ အနုပညာပျိုးခင်းရဲ့ မွှေးပျံတဲ့ ပန်းလေးတစ်ပွင့်ဖြစ်ခဲ့ပြီး အခုချိန်မှာဆိုရင် ထိပ်တန်းမင်းသမီးစာရင်းဝင်နေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက ကျန်းမာရေးမကောင်းလို့ ဘန်ကောက်မှာဆေးကုသမှုခံယူခဲ့ပြီး အခုချိန်မှာတော့ ပြန်လည်ကျန်းမာနေပြီဖြစ်ပါတယ်။ လုပ်မြဲအတိုင်းအနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နေပြီး နှလုံးသားရေးကိစ္စနဲ့ပတ်သတ်လို့လည်း သတင်းလေးတွေ ထွက်နေပါတယ်။

အကိုင်မင်းသားလို့ နာမည်ကြီးတဲ့ ဇေရဲထက်တစ်ယောက်ဟာ ပြည်သူချစ်မင်းသမီးလေး ရွှေမှုန်ရတီနဲ့ အကျင်္ ီကြော်ငြာရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေပေါ်ထွက်လာတဲ့ အခါမှာတော့…………………

ဒီဓာတ်ပုံတွေ ပေါ်ထွက်လာပြီးနောက်ပိုင်းမှာတော့ ပရိသတ်တွေကြား ဝေဖန်သံတွေ ပေါ်ထွက်လာတာတွေ့ရပါတယ်။ ခေတ်မီလာတာနဲ့အမျှ မြန်မာ့ရုပ်ရှင်လောကဟာလည်း ပွင့်လင်းလို့လာပါတယ်။ ခေတ်အမြင်နဲ့ နားလည်ပေးနိုင်ပေမယ့် ယဉ်ကျေးမှုအစွဲအလမ်းကြီးသူအချို့ကတော့ ပြင်းထန်တဲ့ဝေဖန်ရှုတ်ချမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အနုပညာရှင်တွေဖက်ကတော့ ဒီလိုမျိုး ရိုက်ကွက်တွေဟာ နည်းပညာလှည့်စားမှုတစ်ရပ်သာဖြစ်ကြောင်း ဖြေရှင်းထားတာလေးတွေလည်း တွေ့နေရပါတယ်။

ကဲ ဇေရဲထက်နဲ့ ရွှေမှုန်ရတီရဲ့ ဓာတ်ပုံလေးတွေကို ကြည့်လိုက်ကြပါဦး ပရိသတ်ကြီးရေ………

Source: Zay Ye Htet Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။