လက်သည်းခွံကနေ ကိုယ်ရဲ့ကျန်းမာရေးကိုသိနိုင်တယ်ဆိုတာ သင်သိပါသလား။ အဲဒီလက်သသည်းခွံထဲမှာ ပါတဲ့ လက်သည်းရဲ့အောက်ခြေနားက လခြမ်းကွေးလေးပုံစံလေးတွေကလည်း အဓိပ္ပယ်များစွာရှိပါတယ်နော်။ တရုတ်ဆေးပညာအဆိုအရ လက်သည်းပေါ်က လခြမ်းပုံစံလေးတွေက ကျန်းမာရေးအခြေအနေကို ဖော်ပြ ပေးတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးချွတ်ယွင်းသော်လည်းကောင်း၊ ကျန်းမာရေးကောင်းနေသော် လည်းကောင်း၊ လခြမ်းပုံစံလေးက ပြောင်းလဲခြင်း၊ လုံးဝပျေက်သွားခြင်း၊ ပြန်ပေါ်လာခြင်းတို့ ဖြစ်တယ်ပါတယ်။လက်သည်းခွံရဲ့ လက်ခြမ်း ပုံစံလေးတွေက လက်သည်းတစ်ဝက်လောက်ရှိနေပြီးဆိုရင်လည်း မကောင်းပါဘူးနော်။

ပညာရှင်တို့ရဲ့အဆိုအရ လက်ချောင်း (၈) ချောင်းကနေ(၁၀) ချောင်းအထိ လခြမ်းပုံစံလေးတွေ ရှိနေမယ်ဆိုရင် လည်းကျန်းမာရေးကောင်းခြင်းကို ဖော်ပြပေးနေတာဖြစ်ပါတယ်။ လခြမ်းပုံစံလေးတွေဖြစ်နေတဲ့ လက်ချောင်း အရေအတွက်က (၈) ချောင်းထက်နည်းနေမယ်ဆိုရင် ကိုယ်ခံအား နည်းနေတယ် ဆိုတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။ သို့မဟုတ် လက်မနှစ်ချောင်းပေါ်မှာဘဲ လခြမ်းပုံစံလေးတွေရှိနေမယ်ဆိုရင် အလွယ်တကူ အချိန်မရွေး နေမကောင်းဖြစ်နိုင်တယ်ဆိုတာ ဖော်ပြပေးတာဖြစ်ပါတယ်။ ရာသီဥတုဒဏ်ခံရလိုပဲဖြစ်ဖြစ်၊ ပင်ပန်းလိုဘဲဖြစ်ဖြစ် အချိန်မရွေနေမကောင်းဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ လက်သည်းခွံအားလုံးမှာ လခြမ်းတွေ လုံးဝမပေါ်နေဘူးဆိုရင်တော့ ခန္ဓာကိုယ်တွင်းမှာ ကျန်းမာရေးမညီမျှမူတွေ ဖြစ်ပေါ်နေပြီဆိုတာ သတိပြုစေချင်ပါတယ်။

အဲလိုတွေဖြစ်နေပြီဆိုရင် သိုင်းရွိုင်ဂလင်း၊ သံဓာတ်အားနည်းခြင်း၊ ကျောက်ကပ်ရောဂါအတွက် အထူးဂရုပြုရမှာပါ စိတ်ကျရောဂါ၊ ဗီိတာမင်ဘီ ချို့တဲ့ရောဂါတွေ ဖြစ်ပေါ်စေပါတယ်။ မိန်းကလေးများကတော့ လက်သည်းနီတွေ ကာလပေါင်းစုံခြေထား ခြင်းကြောင့်သိပ် ဂရုမစိုက်တတ်ကြပါဘူး၊ အလှပလေးတွေလည်း စိတ်ဝင်စားသလိုမိမိရဲ့ကျန်းမာရေးလည်း ဂရုစိုက်ပေးပါနော်။ လက်သည်းခွံအရောင် ပန်းနုရောင်သမ်း နေပါကလည်း သွေးအားကောင်းခြင်းကို ဖော်ပြပေး တာဖြစ်ပါတယ်။ မိန်းကလေးတွေ အနေနဲ့ တစ်ခါတစ်လေ လက်သည်းနီမဆို်ပဲ ဒီတိုင်းထားပေးသင်ပါတယ်။ လက်သည်းကျန်းမာရေးအတွက် လက်သည်းကို အမြဲသန့်ရှင်းအောင်ထားပေးပါ။ လက်သည်းခွံပျော့တဲ့သူတွေ အနေနဲ့သံပုရာသီးကို ခြမ်းပြီးပွတ်တိုက်ပေးပါ။ သံပုရာသီးကလက်သည်း ကျန်းမာရေးကောင်းသလို လက်သည်းခွံလေးတွေကို် သန့်စင်ပြီးပြောင်လက် နေမှာပဲဖြစ်ပါတယ်။ ကျန်းမာရေးကောင်းတဲ့ လက်သည်းခွံလေးတွေ ပိုင်ဆို်င်နိုင်ကြပါစေ။

Source : ygn news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။