ပရိသတ်အချစ်တော် မင်းသားတစ်လက်ဖြစ်လာတဲ့ အကယ်ဒမီ ထွန်းထွန်းကတော့ 808 Festival ပွဲကို ချစ်သူနဲ့အတူ သွားရောက်ခဲ့တယ်လို့ သိရပါတယ်..။

ထွန်းထွန်းကတော့ 808 Festival ကို သူ့ရဲ့ ချစ်သူ ဆုစန္ဒီဦးနဲ့ အတူ သွားရောက်ခဲ့တာ ဖြစ်ပါတယ်..။

ချစ်သူနဲ့ အတူ 808 Festival ကို သွားရောက်ခဲ့တဲ့ ပုံလေးတွေကိုတော့ သူရဲ့ အင်စတာဂရမ် အကောင့်မှာ တင်ထားတာ တွေ့ရပါတယ်..။

ချစ်သူနဲ့ နှစ်ယောက် နောက်ကျောပေးထားတဲ့ ပုံနဲ့အတူ “808” ဆိုပြီး ရေးပြီး တင်ထားတာ ဖြစ်ပါတယ်..။

တင်ထားတဲ့ ပုံက နောက်ကျောပုံတွေ ဖြစ်တာကြောင့် အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ ပရိသတ်တွေက ချစ်သူရဲ့ မျက်နှာပြဖို့ တောင်းဆိုထားကြတာကိုလည်း တွေ့ရပါတယ်..။

ထွန်းထွန်းကတော့ သူ့ချစ်သူနဲ့ စုံတွဲပုံလေးတွေကိုတင်လေ့ရှိပေမယ့် မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်း ထုတ်မပြဘဲ လျှို့ဝှက်ထားတာကို တွေ့ရပါတယ်..။

ထွန်းထွန်းကတော့ ပရိသတ်တွေ အားပေးလက်ခံထားတဲ့ အဆိုတော်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်..။

အောင်မြင်တဲ့ အဆိုတော်တစ်ယာက်ဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုလည်း အခိုင်အမာရရှိပိုင်ဆိုုင်ထားတာ တွေ့ရပါတယ်..။

လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားများ ဇာတ်တိုက်ရိုက်ကူးနေပြီး (၂၀၁၆)ခုနှစ်မှာတော့ “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု နဲ့ အကယ်ဒမီ ရရှိခဲ့တာ ဖြစ်ပါတယ်..။

Source – ထွန်းထွန်း (အင်စတာဂရမ်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။