ပြင်းထန်စွာအရေးယူခံရတဲ့သီဟထက်အောင်

မြန်မာယူ23အသင်းရဲ့လက်ရွေးစင်နောက်ခံလူသီဟထက်အောင်ဟာ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်MFFရဲ့ပြင်းထန်တဲ့

အရေးယူမှုခံခဲ့ရပါတယ်။သီဟထက်အောင်ဟာမြန်မာယူ-23အသင်းနဲ့မွန်ဂိုလီးယားအသင်းတို့ကစားခဲ့တဲ့ခြေစမ်းပွဲမှာမွန်ဂိုလီးယားအသင်းရဲ့

ကျောနံပတ်တစ်ဆယ်ကစားသမားကိုလည်ပင်းညစ်ပြီးတွန်းလှဲခဲ့ပါတယ်။ကစားသမားမပီသတဲ့

အပြုအမူတွေဖြစ်လို့MFFဟာသီဟထက်အောင်ကိုချက်ချင်းအရေးယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။

သီဟထက်အောင်ကိုပွဲကစားပြီးတဲ့နောက်နေ့မနက်မှာပဲ

မြန်မာ့လက်ရွေးစင်အသင်းကနေထုတ်ပယ်ခဲ့ပါတယ်။

Photo-Getty Image

သီဟထက်အောင်ကိုအရေးယူမှုဟာဒီလောက်နဲ့မပြီးသွားပါဘူး။

MFFစည်းကမ်းထိန်းသိမ်းရေးကော်မတီဟာ

သီဟထက်အောင်ကိုအရေးယူမှုတွေဆက်လက်လုပ်ဆောင်

ခဲ့ပါတယ်။စည်းကမ်းထိန်းသိမ်းရေးကော်မတီရဲ့ထုတ်ပြန်ချက်အရသီဟထက်အောင်ကို

လိဂ်ပွဲခြောက်ပွဲပွဲပယ်လိုက်ပြီးဒဏ်ငွေဆယ်သိန်းချမှတ်လိုက်ပါတယ်။သီဟထက်အောင်ကိုပြိုင်ပွဲကျင်းပရေး

စည်းမျဉ်းအပိုဒ်၃၇(ခ)နဲ့(ဂ)တို့အရအရေးယူခဲ့တယ်လို့

သိရပါတယ်။သီဟထက်အောင်ရဲ့ပြစ်ဒဏ်ဟာပြင်းထန်

ပေမယ့်အပိုဒ်၃၇အရတော့အပြင်းဆုံးမဟုတ်သေးပါဘူး။

Photo-Getty Image

အပိုဒ်၃၇(ခ)အရကစားသမားဟာစည်းကမ်းတစ်ခုခုကို

ချိုးဖောက်ပြီးလက်ရွေးစင်အသင်းမှပြန်စေလွတ်ခံရပါက

သက်ဆိုင်ရာကစားသမားကိုအနည်းဆုံးပြစ်ဒဏ်အဖြစ်

အမှတ်ပေးပွဲ၆ပွဲပယ်နှင့်ဒဏ်ငွေဆယ်သိန်း၊အများဆုံးပြစ်ဒဏ်

အဖြစ်၁၀ပွဲပယ်နှင့်ဒဏ်ငွေသိန်းနှစ်ဆယ်လို့ဖော်ပြထားပါတယ်။သီဟထက်အောင်ကျခံရတ

ပြစ်ဒဏ်ဟာပုဒ်မအရဆိုရင်တော့

အနည်းဆုံးလို့ဆိုရမှာပါ။သီဟထက်အောင်ကိုပြစ်ဒဏ်ချမှတ်ခြင်းနဲ့အတူအဆိုပါပွဲမှာ

အားကစားသမားမပီသတဲ့အပြုအမူတွေပြုလုပ်ခဲ့တဲ့

ဆန်းဆက်နိုင်နဲ့စိုးမိုးကျော်တို့ကိုလည်းပြင်းထန်တဲ့သတိပေးမှုတွေပြုလုပ်သွားခဲ့ပါတယ်။

Photo-Getty Image

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။