မြန်မာနိုင်ငံကတော့ ယခုမှ ဖွဲ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာနှင့်ပညာရေးကလည်း အခြားအိမ်နီးချင်းတွေနှင့်စာလျှင် နိမ့်ကျနေခဲ့တာပါ။ မြန်မာနိုင်ငံအနေဖြင့် လူနေမှုအဆင့်အတန်းကွာဟမှုကလည်း အင်မတန်ကိုကြီးမားလွန်းတဲ့နိုင်ငံပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံသည် အဘက်ဘက်က သူများနိုင်ငံတွေထက်ကျကျန်နေခဲ့ပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ သို့သော် ယခုအခါ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုဟာ သိသိသာသာကျဆင်းလာပြီး လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ ဆင်းရဲနွမ်းပါးနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု အခြေအနေလေ့လာ စိစစ်ချက် အစီရင်ခံစာကို နေပြည်တော်မှာ အခမ်းအနားနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ခေတ်ကာလအခြေအနေ အချိျန်အခါနဲ့ လျော်ညီတဲ့ အိမ်ထောင်စုတွေရဲ့ သုံးစွဲမှုတွေကို ထည့်သွင်းတွက်ချက်ထားတဲ့ ဆင်းရဲနွမ်းပါးမှု တိုင်းတာတဲ့ နည်းလမ်းသစ်အရ တွက်ချက်ပြီး ခုလို ထုတ်ပြန်လိုက်တာလို့ဆိုပါတယ်။

နည်းလမ်းသစ်မှာ မိုဘိုင်းဖုန်းလို တာရှည်ခံပစ္စည်းတွေသုံးစွဲနိုင်မှုနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တွက်ချက်ပေးထားတဲ့ နောက်ဆုံးမွမ်းမံ ပြင်ဆင်ထားတဲ့ ကယ်လိုရီ ခန့်မှန်းတွက်ချက်မှုတွေပါ၀င်ပါတယ်။ နည်းလမ်းသစ်နဲ့ တွက်ချက်မှုအရ မြန်မာပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုဟာ ၂၀၁၄ ခုနှစ်က စတင်လို့ သိသိသာသာ ကျဆင်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ၄၈ ဒဿမ ၂ ရာခိုင်နှုန်းမှ ၃၂ ဒဿမ ၁ ရာခိုင်နှုန်းကို ကျဆင်းလာတာဖြစ်ပါတယ်။ တွက်ချက်မှုအသစ်အရ မြန်မာ့လူဦးရေ စုစုပေါင်း ၁၅ ဒဿမ ၈ သန်းဟာ ဆင်းရဲနွမ်းပါးတဲ့အခြေအနေမှာနေထိုင်နေရတယ်၊ ၁၃ ဒဿမ ၈ သန်းဟာ ကျေးလက်မှာ နေထိုင်ပြီး ၂ သန်းကတော့ မြို့ပြမှာနေထိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

Source – DvB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။