ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်နေမင်းကတော့ အရွန်းဖောက်လိုက်ပြန်ပါတယ်။

နေမင်းဟာ ပရိသတ်အခိုင်အမာရရှိထားတဲ့ ထိပ်တန်းမင်းသားတွေထဲက တစ်ယောက်ဆိုလည်း ဟုတ်ပါတယ်။ဗီဒီယိုဇာတ်ကားတွေစတင်ရိုက်ကူးခဲ့ရာက တစ်ဆင့် လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေရတာဖြစ်ပါတယ်။

အနေအေးပြီး အတည်ပေါက်နဲ့ စနောက်တတ်တဲ့နေမင်းတစ်ယောက် ပရိသတ်တွေကို ပျော်ရွှင်အောင် ဘယ်လိုစနောက်လိုက်လဲဆိုတာ သူ့ရဲ့ဖေ့ဘုတ်မှာ မင်းသမီးအသစ်ဆိုပြီး ဗီဒီယိုလေးတစ်ခုတင်ထားတာဖြစ်ပါတယ်။ “ရွှေစင်ဦး ရဲ့ စင်တင်ပွဲထုတ်မဲ့

မင်းသမီးအသစ်လေးကင်မရာစမ်းသပ်ရိုက်ကူးရန်

မိတ်ကပ် လိမ်းနေသော video အားပရိတ်သတ် အတွက်အမြည်းသဘေားလေး တင်ပြလိုက် ပါသည်။”” ဆိုပြီး ရေးသားကာ အရွှန်းဖောက်ထားပါတယ်။

သူ့ရဲ့ပို့စ်အောက်မှာတော့ ရယ်လိုက်ကြတဲ့ ပရိသတ်တွေဆိုတာ မနည်းပါဘူး။လူမှုကွန်ရက်မှာရေပန်းစားနေတဲ့ မျောက်မလေးတစ်ကောင်ကို အလှပြင်ပေးနေတဲ့ ချစ်စဖွယ်ဗီဒီယိုလေးတစ်ခုဖြစ်ပါတယ်။

နေမင်းဟာ ပြည်ထောင်စုသစ္စာဇာတ်ကားနဲ့ ပရိသတ်တွေရဲ့အားပေးမှုပိုရရှိလာတာဖြစ်ပါတယ်။မင်းသမီးအသစ်လေး ချစ်ဖို့ကောင်းရဲ့လား ပရိသတ်ကြီးရေ

Source : Nay min fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။