ပရဟိတနဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူကတော့ နာရေးကူညီမှုအသင်းမှ ခေါင်းဆောင်တစ်ဦးအတွက် စိတ်မကောင်း ဖြစ်လို့ နေပါတယ်..။

နာရေးကူညီမှုအသင်းမှ ပရဟိတခေါင်းဆောင်တစ်ဦးဟာ ပရဟိတနာရေးကူညီမှုတစ်ခု လုပ်ဆောင်နေရင်း အပြန်မှာ ယာဉ်မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး ကွယ်လွန်ခဲ့တာနဲ့ ပတ်သက်ပြီး ဦးကျော်သူက စိတ်မကောင်း ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်..။

ကွယ်လွန်သူ တစ်ဦးကို ကာယကံရှင် မိသားစုရဲ့ ဆန္ဒအရ ညတွင်းချင်း ရန်ကုန်မှ မြန်အောင် (ဧရာဝတီ)ဖက်ကို ပို့ဆောင်ပေးပြီး ရန်ကုန်ကို အပြန် လမ်းတစ်နေရာမှာ ကားဘီးကွဲပြီး သစ်ပင်နဲ့ကား တိုက်မှု ဖြစ်ပွားကာ ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးကျော်သူက စိတ်မကောင်းဖြစ်ရတဲ့အကြောင်းကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

ကွန်လွန်သူ ပရဟိတသမား ကိုတင်မောင်ထွန်း အတွက် စိတ်မကောင်းဖြစ်ရတဲ့အကြောင်းနဲ့ မိသားစုနှင့် ထပ်တူ ဝမ်းနည်းရကြောင်းကို ဦးကျော်သူက သူ့ရဲ့ fb စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

“သေမင်းကြီး!

ခင်ဗျား မတရားဘူးဗျာ။

ခင်ဗျား ရက်စက်တယ်ဗျာ။

ခင်ဗျား မှာကိုယ်ချင်းစာစိတ်မရှိဘူးဗျာ။

ခင်ဗျား မှာဗြဟ္မစိုရ်တရားဆိုဝေလာဝေးရောဗျ။

အခုကြည့်ဗျာ။

ကျုပ်တို့ရဲ့အားထားရာ ကျုပ်ရဲ့မျိုးဆက်သစ် ခေါင်းဆောင်တစ်ဦးကို မပြောမဆိုအသိမပေးဘဲ အမှည့်ချွေချွေခံခဲ့ရပြီဗျာ..။

မနေ့ညက DEAD BODY နာရေးလမ်းကြောင်းအား ကာယကံရှင်မိသားစု၏ ဆန္ဒအရ ညတွင်းခြင်း မြန်အောင်(ဧရာဝတီ)ဖက်သို့ ရန်ကုန်မှ ပို့ဆောင်ခဲ့ပြီးနောက် ရန်ကုန်အသင်းရုံးသို့ အပြန်လမ်း တစ်နေရာမှာ ကားဘီးကွဲလို့ သစ်ပင်ကိုတိုက်မိပြီး လူမှုရေးသမား မျိုးဆက်သစ် ခေါင်းဆောင်တစ်ဦး၏ အသက်ဝိဌာဉ်ကို စွဲထုတ်ခဲ့ပြန်ပြီဗျာ..။

ကွယ်လွန်ခဲ့သော အများအတွက် ပေးဆပ်အနစ်နာခံခဲ့သော ပရဟိတသူရဲကောင်း ကိုတင်မောင်ထွန်း ကောင်းရာ သုဂတိလားပါစေ..။

ကျန်ရစ်သော မိသားစုနဲ့ ထပ်တူထပ်မျှ ခံစားရရင်းဖြင့် ကျွန်ုပ်တို့ပြုလုပ်ခဲ့သော ကောင်းမှုအစုစုတို့ကို ကိုတင်မောင်ထွန်းအား အမျှ အမျှ အမျှပေးဝေငှပါသည်..။

သာဓု သာဓု သာဓု..” လို့ ရေးသားထားတာ ဖြစ်ပါတယ.်..။

Source - ဦးကျော်သူ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။