မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘန်လေအသင်းဟာ စတုတ်စီးတီးအသင်းကို တစ်ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဘန်လေအသင်းဟာ ယခုနိုင်ပွဲကြောင့် ရမှတ် ၃၁မှတ် ရရှိကာ အဆင့် ၄ နေရာထိရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။စပါး၊အာဆင်နယ်၊ လီဗာပူလ်းအသင်းတို့ ထက် ဘန်လေအသင်းဟာ ၁ ပွဲပိုကန်ထားပြီး အဆင့် ၄ နေရာကိုရယူခဲ့တာလည်းဖြစ်ပါတယ်။ဒါဟာဘန်လေအသင်းအတွက် နှစ်ပေါင်း ၄၀ အတွင်း အဆင့်လေး နေရာကို ရောက်ရှိလာခဲ့ဖူးတာလည်းဖြစ်ပါတယ်။ 

ဘန်လေအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဝုဒ်၊ ဟမ်းဒရစ်၊ အာဖီလ်း၊ ဒီဖော ၊ ဂတ်မန်ဆန် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။စတုတ်စီးတီးအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ခရော့စ်၊ ရှာကွီရီ၊ အလန်၊ ပီရက်တာ၊ ဖလက်ချာ၊ ဒီအော့ဖ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နှစ်သင်းလုံးဟာ ခြေစွမ်းတူညီနေခဲ့ပြီး အကြိတ်အနှယ်ယှဉ်ပြိုင်ကစားခဲ့ကြကာ ဘန်လေအသင်းက နောက်ဆုံးမိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် အနိုင်သုံးမှတ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာအနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ အက်ရှ်လေ ဘားနက်က တော့ ဘန်လေအသင်းအတွက် ဟီးရိုး ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။၇၁ မိနစ်မှာ ဟမ်းဒရစ်အစား လူစားလဲဝင်ရောက်လာခဲ့တဲ့ ဘားနက်ဟာ အသင်းအတွက် အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အနိုင်ဂိုးကို ၈၉ မိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဘန်လေအသင်းဟာ ယခုနှစ်ရာသီမှာ အသင်းလိုက်ခြေစွမ်းကောင်းပြသနိုင်တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။