အာဆင်နယ်အသင်းရဲ့နည်းပြ အာစင်ဝင်းဂါးကတော့ မန်ချက်စတာ ယူနိုက်တက် နဲ့ မန်ချက်စတာ စီးတီး ပွဲရဲ့နောက်ဆုံးယှဉ်ပြိုင်ပွဲ အပြီး ရန်ပွဲ ကိစ္စနဲ့ ပတ်သက်ပြီး စကားတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ဘောလုံးကစားသမားတွေ ဂျပန်ဆူမို အားကစားကနေပြီး သင်ခန်းစာတွေ ရယူနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ မန်ချက်စတာဒါဘီပွဲစဉ်ရဲ့ အကြိတ်အနယ် ကစားမှုတွေနဲ့ ပွဲပြီး ဖြစ်ခဲ့တဲ့ ခိုက်ရန်တွေကို ပရိသတ်အများအပြားလည်း သိပြီးသားဖြစ်ပါတယ်။

အာစင်ဝင်းဂါးကတော့ ဂျပန်ဆူမို အားကစားနည်းရဲ့ အကြောင်းကို သာဓကပြခဲ့ပါတယ်။ “ဂျပန်အားကစားသမားတွေမှာ နိုင်တဲ့သူက ဘာပျော်ရွှင်မှုမှ မပြပဲ ပြီးဆုံးသွားကြတယ်” ဒါဟာသူတို့ရဲ့ လေးစားစရာ အမူအကျင့် တစ်ခုဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အာစင်ဝင်းဂါး က ဘောလုံးကစားနည်းကိုလည်း ဆူမိုအားကစားနည်းလိုလုပ်ဆောင်သင့်ကြောင်း ပြောပြခဲ့ပါတယ်။ 

လက်ရှိအားကစားနည်းများတွင် ခိုက်ရန်ဖြစ်ပွားမှု အများဆုံးအားကစားနည်းကတော့ ဘောလုံးအားကစားနည်းပဲ ဖြစ်ပါတယ်။ အများစုဖြစ်ပွား ရခြင်းမှာလည်း အချင်းချင်း လေးစားမှုမရှိခြင်း အနိုင်အရူံးအပေါ် အဓိကထားက တစ်ဖက်သူရဲ့ အားနည်းချက်များ ပြောဆိုလှောင်ပြောင်ခြင်းစသည့် အရာများက ပင်ရန်ကိုစတင်မှု အများဆုံးဖြစ်ခဲ့ ကြောင်း သိရပါတယ်။

Source - DM