အနုပညာရှင်တွေထဲမှာ ပျော်ပျော်နေတတ်ပြီး အရွှန်းဖောက်သူတွေထဲမှာ နိုင်ငံကျော်ရုပ်ရှင်မင်းသား မင်းမော်ကွန်းတစ်ယောက်လည်း ပါ၀င်ပါတယ်။

မင်းမော်ကွန်း လို့ ပြောလိုက်တာနဲ့ ဘယ်တော့မှအသက်မကြီးတော့ဘူးလားလို့ ပရိသတ်တွေမေးရလောက်အောင် နုပျိုနိုင်လွန်းတဲ့ မင်းသားတစ်လက်ပါ။

မနေ့က(ဒီဇင်ဘာလ ၁၂)ရက်နေ့မှာ ကျင်းပတဲ့ ရုပ်ရှင်ညီလာခံပွဲကို တက်ရောက်ခဲ့တဲ့ မင်းမော်ကွန်းတစ်ယောက် မနေ့ညက သူ့ရဲ့ ဖေ့ဘုတ်စ်အကောင့်မှာ သူတို့ရဲ့ နာမည်ကတ်ပြားမှာရေးတဲ့စာကို နားမလည်နိုင်ပုံရလို့ ဖေ့ဘုတ်ပေါ်တင်ပြီး မေးခွန်းထုတ်လိုက်ပုံပါပဲ။

အဲ့ဒီပုံလေးဟာ သူ့ရဲ့ နာမည် နဲ ့ကျော်ကျော်ဗိုလ် ရဲ့ နာမည်ကတ်ပြားနှစ်ခု ဖြစ်ပြီး ဒီကိစ္စက ဘယ်လိုကြောင့်လဲလို့ ဆိုပြီး ရေးသားထားတာပါ။ 

အဖြစ်ကတော့ မနှစ်ကနဲ့ မတူပုံပါပဲ ပရိသတ်ကြီးရေ။ အကယ်ဒမီမင်းမော်ကွန်းဟာ အနုပညာသက်တမ်း(၁၀)စုနှစ်တစ်ခုကျော်ကြာ ရပ်တည်နေတဲ့ မင်းသားတစ်လက်ဖြစ်ပြီး သားသမီး(၃)ယောက်ရဲ့ ဖခင်တစ်ဦးလည်းဖြစ်ပါတယ်။

မိသားစုဘဝလေးကိုလည်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ မင်းမော်ကွန်းဟာ လက်ရှိအချိန်ထိ အရင်ကပုံစံအတိုင်း မပြောင်းလဲသေးပဲ မသိတဲ့သူအဖို့တော့ လူပျိုတစ်ယောက်လို့တောင် ထင်ချင်စရာပါ။

အဲ့ဒီလောက်တောင် နုပျိုနေသေးတဲ့ မင်းမော်ကွန်း တစ်ယောက် သူတင်ထားတဲ့ ပုံအောက်မှာတော့ နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ ကျော်သူ ၊ ဇင်ဝိုင်း ၊ နေမင်း၊ အေးသီတာ ၊အဆိုတော်ဇွဲပြည့် တို့က ၀င်ရောက်ကာ အရွှန်းဖောက်ကာ မှတ်ချက်တွေပေးကြပါတယ်။

ကျော်ကျော်ဗိုလ်ကိုတော့ နာမည်ကတ်ပြားမှာ ဦးကျော်ကျော်ဗိုလ် လို့ ရေးထားပြီး သူ့ကိုတော့ ကိုမင်းမော်ကွန်းဆိုပြီး ရေးထားတာကြောင့် နုပျိုလွန်းတဲ့ ရုပ်ရည်ကြောင့်များလားဆိုပြီး ပရိသတ်တွေကလည်း ၀ုိင်းကာ စနောက်ထားကြပါတယ်။  စာရေးတဲ့သူက မှားပြီးရေးမိတာမို့ ဖြစ်တတ်တဲ့သဘောလေးပါပဲ။ 

Source : Kyaw Kyaw Htay Lwin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။