LG ကတော့ နာမည်ကျော် ကိုရီးယားကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ LG ကတော့ အီလက်ထရောနစ်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ နာမည်ကျော်ကြားပါတယ်။ ဒါ့အပြင် LG က Smartphones တွေလည်း ထုတ်လုပ်ပါတယ်။ ယခုအခါမှာတော့ စျေးကွက်ထဲက LG ၏ တန်ဖိုးမြင့်ဖုန်းတစ်လုံးကို တင်ပြပေးလိုက်ပါတယ်။

တင်ပြပေးမယ့် ဖုန်းလေးကတော့ LG G6 ဖုန်းလေးပဲဖြစ်ပါတယ်။ LG G6 ရဲ့ မျက်နှာပြင် အရွယ်အစားကတော့ 5.7လက်မပဲဖြစ်ပါတယ်။ ဖုန်းရဲ့ Resolution ကတော့ 1440 x 2880 pixels ဖြစ်ပြီး မျက်နှာပြင်အချိုးအစားကတော့ 18:9 ဖြစ်တာကြောင့် ထူးခြားနေမှာပါ။ ဖုန်းမှာ အသုံးပြုထားတဲ့ Chipsetက Qualcomm MSM8996 Snapdragon 821ဖြစ်ပါတယ်။ CPUကိုတော့ Quad-core (2x2.35 GHz Kryo & 2x1.6 GHz Kryo) အသုံးပြုထားတာမို့ ကောင်းမွန်လှပါတယ်။

ဖုန်းမှာ အချက်အလက်တွေ သိုလှောင်နိုင်ဖို့ သိုလှောင်နိုင်စွမ်းအဖြစ် 32 GB, 64 GB နှင့် 128 Gbအဖြစ် အမျိုးအစားသုံးမျိုးကွဲသွားပါတယ်။ ဒါ့အပြင် SD Card စိုက်၍ 256 GB ထိတိုးမြင့်နိုင်ပါတယ်။ ဖုန်းရဲ့ ရှေ့ကင်မရာကတော့ Dual Camera ဖြစ်ကာ 13 Megapixels ကင်မရာ၂ခုကိုအသုံးပြုထားပါတယ်။ Selfieရိုက်ဖို့ကတော့ 5 Megapixels ကင်မရာကို သုံးနိုင်မှာပါ။ RAM အဖြစ် 4 GB ပါ၀င်ထားသောကြောင့် ဖုန်းကိုလျင်မြန်စွာ သုံးနို်င်မှာပါ။ ဒါ့အပြင် လက်ဗွေရာစနစ်လည်းပါ၀င်ပါတယ်။ LG G6 ကို ၈သိန်း၂သောင်း၉ထောင်ဖြင့် ၀ယ်ယူအသုံးပြုနိုင်ပါတယ်။

Hein (Mg Lu Aye)

Source – Gsmarena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။