ခြေသလုံးကြွက်တက်ရခြင်းက အခံရခက်တဲ့ ဝေဒနာတစ်ခုပါ၊ ရုတ်တရက်ကြွက်သားများကျုံံ့သွားချိန်မှာ ကြွက်တက်ခြင်း (သို့မဟုတ်) အကြောဆွဲခြင်း တို့်ဖြစ်ပေါ်စေ ပါတယ်။ ဒါကြောင့် အကြောဆွဲခြင်းဆိုတာ ကြွက်သားတစ်ခု(သို့မဟုတ်) ကြွက်သားအုပ်စုတစ်စုကို ရုတ်တရက်ကျုံ့သွားစေတာကို ကြွက်တက်ခြင်း လိုခေါ်ပါတယ်။ ကြွက်တက်ခြင်းကို ကျား၊မအသက်အရွယ်အပိုင်းခြားမရွေး နိုင်ပါတယ်။ သက်ကြီးပိုင်း အရွယ်အားဖြင့်အိပ်ပျော်နေချိန် သွေးလည်းပတ် မူနှေးကွေးခြင်းကြောင့် လည်းဖြစ်စေပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်သက်တမ်း ဒုတိယ(၃)ပတ်မှာ ကိုယ်အလေး ချိန်ပိုခြင်းကြောင့်လည်း ခြေနှင့်လက်တို့မှာ ကြွက်တက်လည်းရှိကြပါတယ်။ အားကစားသမားများ ၊ရေဓာတ်ခန်းခြောက်တဲ့သူတွေ၊ ဆားဓာတ်လိုအပ်တဲ့ သူတွေ အများအားဖြင့်ဖြစ်တတ်ပါတယ်။ ခုလို ဆောင်ရာသီမှာလည်း အလွန်အေးတဲ့ဒေသတွေမှာ သွေးလည်ပတ်မူ နှေးကွေးခြင်းကြောင်းလည်း ကြွက်တက်လည်း ရရှိပါတယ်။ ကြွက်တက်တဲ့အခါမှာ စက္ကန့်ပိုင်း (သို့မဟုတ်) မိ်နစ်အနည်းငယ် ကြာတတ်ပါ တယ်။

နောက်တစ်ခုကတော့ လှုပ်ရှားမှုမရှိဘဲ အချိန်ကြာကြီးထိုင်ခြင်း၊ ရပ်ခြင်း၊ ခြေချင်းချိတ် ထိုင်းခြင်း၊ ခပ်ပြင်းပြင်းလေ့ကျင့်ခန်းလုပ်ခြင်း တို့အပြင် ပိုတက်စီယမ်း၊ ကယ်လ်စီယမ်၊အာရုံကြောအားနည်းသူ တို့လည်းကြွက်တက်ခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါအပြင် ဘေးထွက်ဆိုးကျိုးများတဲ့ ဆေးတွေသောက်ခြင်း ကြောင့်လည်း ဖြစ်စေပါတယ်။ ကြွက်တက် လာပြီးဆိုရင် လှုပ်ရှာနေတာတွေရပ်တန့်ပြီး ဖြေလျော့မှု့ လုပ်ပေးရပါတယ်။ ဒူးကို အလိုက်သင့်လေးကွေးထားပေးပါ ခြေချောင်းလေးတွေ ကိုလက်ဖြင့် ကိုင်ပြီးချိုး ပေးပါ။ ခြေထောက်ဆန့်တန်းထားလေ၊ ကြွက်သားတင်းမာလေး ဖြစ်တာကြောင်းမို့ပါနာ်။ ကြွက်တက်တဲ့ အခါဓာတ်ဆားရည်နဲ့ အီလက်ထရို လိုက်ဖျော်ရည်တွေ တိုက်ပေးနိုင် ပါတယ်။ ကြွက်သားပေါ်ကို ရေနွေးအိတ်ဖိကပ်ပေးပါ။ (သို့မဟုတ်) ရေနွေးပုလင်းဖြင့် အောက်ဖက်သို့ဆွဲချ လှိမ့်ပေးပါ။ ဆပ်ပြာရည်လောင်းချခြင်း၊ အနှိပ်ခံခြင်းကမှား ယွင်းနေပါကလည်း ပိုဆိုးသွားစေပါတယ် (သတိပြုပါ)။

ကြွက်တက်တတ်တဲ့ သူတွေအနေနဲ့ ငှက်ပျောသီး၊ဖရဲသီး၊ရှောက်သံပုရာ၊ ထောပတ်သီး၊အာလူး၊ ကန်စွန်းဥ၊ နွားနို့၊တရုတ်ဇီးသီး၊ စပျစ်သီး၊ပန်းဂေါ်ဖီစိမ်း၊ ပင်လယ်ငါး အမျိုးမျိုး၊ဝက်သား၊သိုးသား၊ဟင်းနုနယ်ရွက် ၊ကိုက်လံနှင့် အစိမ်းရင့်ရောင် တွေကိုစားပေးနိုင်ပါ တယ်။ရေသောက်နဲသူတွေအနေနဲ့ ညအိပ်ပျော်နေစဉ် ကြွက်တက်နိုင် တာကြောင့် နေ့ဘက်တွေမှာ ရေများများသောက်ဖို့လိုအပ်ပါတယ်။ ညအိပ်ရာမဝင်ခင်မှာ ခြေသလုံးအကြောများကိုဖြေလျော့ပေးပါ။ ဖြေးဖြေးမှန်မှန် ပုံမှန်လေ့ကျင့် ခန်းလေးလုပ်ပေးဖို့ ကိုတိုက်တွန်း ချင်ပါတယ်။

Source: ygn news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။