သမိုင်းမတင်မီကျောက်ခေတ် တုန်းက ကျနော်တို့ခုလက်ရှိမှာ မတွေ့နိုင်တော့တဲ့ သတ္တဝါအကောင်ကြီးတွေ ရှိခဲ့ပါတယ်။ သဘာဝကပ်ဘေးဒဏ်တွေ ၊ ဥက္ကာပျံဝင်တိုက်တဲ့ ဒဏ်တွေကြောင့် မျိုးသုန််းပျောက်ကွယ် သွားကြရပါတယ်။ ဒီလိုမျိုးသုန်းပျောက်ကွယ်သွားတဲ့ သတ္တဝါမျိုးစိတ်တွေထဲမှာ အမွေးရှည်ဆင်တွေလည်းပါ၀င်ပါတယ်။ အဆိုပါဆင်တွေဟာ ယခုခေတ်ဆင်တွေနဲ့မတူပဲ အမွှေးအမျှင်ရှည်ကာ အစွယ်မှာလည်း ပိုကြီးမားပါတယ်။

အမွှေးရှည်ဆင်ကြီးတွေဟာ လွန်ခဲတဲ့ နှစ်ပေါင်း တစ်သောင်းလောက်အချိန်ကတည်းက တော်တော်များများ ပျောက်ကွယ်သွားကြကာ တချို့သောအကောင်တွေကတော့ ဘီစီ၂၅၀၀ ၀န်းကျင်လောက်အထိ အာတိတ်ဒေသမှာ ရှိခဲ့ပြီး ကျင်လည်ကျက်စားခဲ့ပါတယ်။ ယခုလို အမွှေးရှည်ဆင်တွေ မျိုးသုန်းရတဲ့ အကြောင်းရင်းအများအပြားဟာ ရာသီဥတုဖောက်လွဲဖောက်ပြန် ဖြစ်ခြင်းတွေနဲ့ လူတွေရဲ့ အလွန်အကျူး အမဲလိုက်ခြင်းတွေကြောင့်ပဲဖြစ်ပါတယ်။အမွှေးရှည်ဆင်ကြီးတွေရှိခဲ့ကြောင်း သက်သေပြနိုင်တာကတော့ သူတို့ရဲ့ပရိုင်းမိတ် (သို့မဟုတ်) ကျောက်ဖြစ်ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ကြလို့ပဲဖြစ်ပါတယ်။

ပညာရှင်တွေရဲ့ လေ့လာမှုအရ အမွှေးရှည် ဆင်ကြီးတွေရဲ့ အရွယ်အစားဟာ ၉ ပေမှ ၁၀ပေခန့်အထိ ရှိနိုင်ပြီး အလေးချိန်ကတော့ ၅တန် နဲ့ ရတန်ဝန်းကျင် ကြားမှာ ရှိနိုင်ပါတယ်။ ကြမ်းတမ်းရှည်လျားတဲ့အမွှေးတွေရှိပြီး ထိုအမွှေးတွေဟာ အေးခဲတဲ့ ရာသီဥတုမှာ နေနိုင်ဖို့အတွက် အထောက်အပံံ့ပေးနိုင်ပါတယ်။သူတို့ရဲ့ အစွယ်တွေဟာ ယခုဆင်တွေရဲ့ အစွယ်ထက် ပိုမိုကြီးအားပြီး ကွေ့ကောက်လွန်းပါတယ်။ ထိုအစွယ်တွေမှာ ပါ၀င်တဲ့ အရစ်တွေကိုကြည့်ပြီးတော့လည်း အမွှေးရှည်ဆင်တွေရဲ့ အသက်ကို ခန့်မှန်းနိုင်ပါတယ်။ ပျမ်းမျှအားဖြင့်တော့ အမွှေးရှည်ဆင်တွေဟာ အသက် ၆၀ ခန့်အထိ နေနိုင်ကြပြီး သစ်သီး၊သစ်ဖုတွေကိုသာ စားသုံးကြပါတယ်။ 

ထူးဆန်းတာက ၂၀၁၂ခုနှစ် မှာတော့ ဆိုက်ဘေရီးယားမှာ အမွှေးရှည်ဆင်ကိုတွေ့ခဲ့တဲ့ ဗီဒီယိုတွေထွက်ပေါ်လာပြီးနောက် ကောလဟာလတွေထွက်ပေါ်ခဲ့ပါတယ်။ သူတို့တွေ တစ်ကယ်ရှိသေးလား ဆိုတာကတော့ ယနေ့အချိန်အထိ ဘယ်သူမှသေချာမပြောနိုင်ကြပါဘူး။ပရိသတ်ကြီးလည်း ဒီပုံလေးကိုကြည့်ပြီး အစစ်အမှန်လား ဆိုတာ ဆုံးဖြတ်ကြည့်ကြပါအုန်းနော်။

Source : သုတဇုန္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။