အရပ်စေကာ smart ကျကျကြည့်ကောင်းနေတဲ့ ကိုယ်နေဟန်ထားကို လူတိုင်းသဘောကျကျ ပါတယ်။ အရပ်ရှည်နည်း နည်းလမ်းများရှိပေမယ့်လည်း အသက်အရွယ်အပိုင်းအခြား ကြောင့် မရနိုင်တော့ဘူးလို့ ထင်လေ့ရှိကြပါတယ်။ အသက် ၂၅နှစ်အတွင်းမှာ အရပ် ရှည် လာနိုင်ဖို့ ဖြစ်နိုင်ချေရှိပြီး အသက် ၃၀ကျော် ရင်တော့ အရပ်လုံးဝမရှည်နိုင်တော့ ပါဘူး။ ဒါတွေက အရပ်ရှည်နိုင်မယ့် အသက်အရွယ် အပိုင်းခြားတွေပဲ ဖြစ်ပါတယ်။

နွားနို့၊ ကြက်ဥ၊ ဒိန်ခဲ၊ ထောပတ်၊ ငါးနဲ့အသားတွေလို ပရိုတင်းပါတဲ့ အစားအသောက်တွေ အရပ်ရှည်စေဖို့ အထောက်အကူပြုပါတယ်။

နောက်ထပ်တချက်ကတော့ အနေအထိုင်ပါ။ ထိုင်တဲ့အခါ ခါးရိုးကိုဆန့်ပြီး အိပ်တဲ့အခါ ပတ်လက်အနေ အထားဖြင့် ခါးဆန့်ပြီး အိပ်သင့်ပါတယ်။

လေ့ကျင့်ခန်းအတွက်ဆိုရင်တော့ ခုန်ပြီးလေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းများနဲ့ ခြေထောက်ကို အသုံးပြုကာ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းများက အရပ်ရှည်စေဖို့ အထောက်အကူပြုပါတယ်။ ရေကူး၊ လမ်းလျှောက်၊ ကြိုးခုန်၊ ဘတ်စကတ်ဘော၊ ကြက်တောင် တို့လို ကိုယ်လက်လှုပ် ရှားရမယ့်အရာတွေပဲ ဖြစ်ပါတယ်။

အရပ်ရှည်စေဖို့အတွက် အစားအသောက် ၊အနေအထိုင်နှင့် ကိုယ်လက်လှုပ် ရှား မှုများက အလွန်အရေးကြီးပါတယ်။ ကျန်းမာရေးကိုလဲ ကောင်းမွန်စေတဲ့အပြင် အရပ်ရှည်ကာ ဖွံ့ထွားစေတာကြောင့် အချိန်လေးပေးပြီး လုပ်ကြည့်ဖို့ မမေ့နဲ့နော် ။

Source – Doctor Aye Min Htoo FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။