တေလာဆွစ် ဆိုတာနဲ့ ရည်းစားများတဲ့ ကန်းထရီးအဆိုတော်မလေးတစ်ဦးလို့ မျက်မှန်းတန်းမိကြပါတယ်။ ကမ္ဘာကျော်အဆိုတော်တေလာဆွစ်ဟာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဆယ်လီတွေထဲမှာပါ၀င်သလို သူမရဲ့ သီချင်းလေးတွေကလည်း ပရိသတ်များစွာရဲ့ အားပေးမှုတွေရရှိနေတာပါ။

တေလာ တစ်ယောက် လက်ရှိမှာတော့ နာမည်ကျော် ဗြိတိန်ရုပ်ရှင်မင်းသားJoe နဲ့ တွဲခုတ်နေတာဟာ (၂၀၁၇) နှစ်စပိုင်းလောက်ကထဲက ဖြစ်ပါတယ်။

လက်ရှိချစ်သူနဲ့ တည်ငြိမ်နေတဲ့ တေလာတစ်ယောက် ဒီဇင်ဘာလ(၁၀)ရက်နေ့က ပြုလုပ်တဲ့ ရှိုးပွဲတစ်ခုမှာ သီဆိုဖျော်ဖြေခဲ့ပြီး ချစ်သူကောင်လေးဖြစ်တဲ့ Joe က သူမဖျော်ဖြေနေချိန်မှာ လာရောက်အားပေးခဲ့တယ်လို့သိရပါတယ်။

Joe ဟာ ချစ်သူဖြစ်တဲ့ တေလာဆွစ်သီချင်းဆိုနေပုံကို ဂုဏ်ယူဝင့်ကြွားဟန်နဲ့ စင်အောက်ကနေ ဓာတ်ပုံလှမ်းရိုက်ခဲ့တာဖြစ်ပါတယ်။

တေလာနဲ့ပတ်သက်ပြီး ဂုဏ်ယူပီတိဖြစ်နေပုံရတဲ့ ပုံတွေကို Hollywood life သတင်းဌာနက ဖော်ပြထားတာဖြစ်ပါတယ်။

လက်တလော ပါပါရာဇီတွေကြားမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ တေလာ နဲ့ Joe တို့ချစ်သူနှစ်ဦးဟာ ဟော်တယ်တစ်ခုမှာ အတူတူညစာစားပြီး သီးသန့်ကမ္ဘာလေးတစ်ခုကို ဖန်တီးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မကြာခဏ ဒိတ်လုပ်လေ့ရှိတဲ့ သူတို့စုံတွဲကို ပရိသတ်တွေကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတာဖြစ်ပါတယ်။

တေလာဆွစ် တစ်ယောက် ဒီကိုယ်လူချောလေးနဲ့မှ ခြေငြိမ်နေပြီလားဆိုတာကို ပိုပြီးစိတ်ဝင်စားနေကြတာပါ။

ဟုတ်တယ်ဟုတ် ပရိသတ်ကြီးရေ။ 

Source : Hollywood life

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။