MRTV – 4 ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “ ရတနာ ထဲကရတနာ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာ ပရိသတ် သတိထားမိခဲ့တဲ့ မြတ်သူသူဇင်ကတော့ နောက်ထပ်ဇာတ်လမ်းများအတွက် ကြိုတင် ပြင်ဆင်လို့နေပါပြီ။ နဂါးမလေးအဖြစ် သရုပ်ဆောင်ကာ ပရိသတ်အားပေးမှု တစ်ခဲနက် ရရှိထားခဲ့သူလည်း ဖြစ်ပါတယ်။

ကလေးများကိုကျူရှင်သင်ရင်း ရွှေပုပ္ပါးဦးအုန်းခိုင် (စံကားဝါ) သင်တန်းကနေ သရုပ် ဆောင် သင်တန်းတက်ကာ ၂၀၁၂ ခုနှစ်မှစ၍ အနပညာလောကထဲ ဝင်ရောက်လာ တယ်လို့ သိရပါတယ်။ လတ်တလောမှာ ဇာတ်လမ်းအသစ်များရိုက်ကူးနေရတာကြောင့် သူမရဲ့ ပရိသတ်များ မေ့သွားမှာကို စိုးရိမ်နေပါတယ်။

နောက်ထပ်ဇာတ်ကားတစ်ခုလည်း ရိုက်ကူးဖို့အတွက် ပြင်ဆင်နေတဲ့သူမက “ ဘယ်လိုပုံစံ ရိုက်မှာလဲဆိုတာတော့ မကြာမှီ လာမည် မျှော်” ဆိုတဲ့ စာသားနဲ့အတူ ရေကူးကန်ထဲက သူမရဲ့ပုံလေးတွေကို ပရိသတ်တွေ အတွက် ဖော်ပြထားတာတွေ့ရပါတယ်။

မကြာသေးခင်အချိန်ပိုင်းအတွက်ကတော့ မင်းသားချော ကောင်းမြတ်စံ၊ ကျော်ထက်ဇော်တို့နဲ့ ရိုက်ကူးထားတဲ့ သူမတို့ပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာ တွေ့ရပါတယ်။ ချစ်ဖို့ကောင်လွန်းတဲ့ ပုံလေးတွေမို့ Myanmar Load ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

Source – Myat Thu Thu Zin Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။