အိမ်မွေးတိရစ္ဆာန်လေးတွေမှာ ခွေးလေးတွေကို မွေးရတာ သဘောကျတဲ့ လူတွေလည်းရှိပါတယ်။ မိမိတို့မွေးထားတဲ့ ခွေးလေးတွေကို မျိုးစိတ်အမျိုးမျိုး ၊အရွယ်အစားအမျိုးမျိုးနဲ့ မွေးတဲ့သူတွေလည်းရှိပါတယ်။ ဒီတစ်ခါဖော်ပြပေးမှာကတော့ သာမန် ခွေးလေးတွေထက် အရွယ်အစား ပိုကြီးပြီး မျိုးစပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ခွေးလေးတွေအကြောင်းပဲဖြစ်ပါတယ်။

၁။ ST.BERNARD

ST. BERNARD ဆိုတဲ့ ဒီခွေးလေးရဲ့ အရွယ်အစားဟာ ၆၉ စင်တီမီတာအထိရှိပြီး အလေးချိန်ကတော့ ၁၁၇ ကီလိုဂရမ်ရှိပါတယ်။ သူတို့ဟာ ခွေးဘီလူးမျိုးနွယ်မျိုးဖြစ်ပြီး သေသေချာချာလေ့ကျင့်ပေးနိုင်ရင် လူတွေနဲ့ အလွန်ယဉ်ပါးလှပါတယ်။

၂။ NEWFOUNDLAND

NEWFOUNDLAND ခွေးအမျိုးအစားကတော့ ထုထည်ကြီးမားလှပြီး နှာခေါင်းကနေ အမြီှးအထိ ၁၈၃ စင်တီမီတာအထိ ရှိပါတယ်။ အလေးချိန် ၁၁၈ ကီလိုဂရမ် အထိရှိပြီး ရေကူးအလွန်ကျွမ်းတဲ့ အကောင်တွေပဲဖြစ်ပါတယ်။

၃။ GREAT DANE

ဒီအကောင်လေးတွေရဲ့ အရွယ်အစားဟာ ရ၈ စင်တီမီတာ အထိရှိပြီး အလေးချိန်ကတော့ ၉၀ ကီလိုဂရမ်အထိရှိပါတယ်။ အမဲလိုက်ရာတွင်လည်း အသုံးပြုကြပြီး အိမ်စောင့်ရာတွင်လည်း အလွန်တော်တဲ့ခွေးလေးတွေလည်းဖြစ်ပါတယ်။

၄။ ANATOLIAN SHEPHERD

ANATOLIAN SHEPHERD ခွေးလေးတွေရဲ့ မူလမျိုးစိတ်နေရာကတော့ တူရကီက ဖြစ်ပြီး သိုးတွေကို ရန်ပြုနိုင်တဲ့ ၀ံပုလွေတွေ ကျားသစ်တွေ ရန်ကနေ ကာကွယ်ပေးရတဲ့ သိုးထိန်းခွေးပဲဖြစ်ပါတယ်။ သူတို့မှာ သန်မာတွေ ကြွက်သားတွေရှိပြီး ၆၈ ကီလိုဂရမ် အလေးချိန်ရှိပါတယ်။

၅။ LANDSEER

LANDSEER ခွေးတွေဟာ NEWFOUNDLAND ခွေးမျိုးစိတ်နဲ့ အတူတူပဲဖြစ်ပြီး အနည်းငယ်ပဲကွဲပြားလှပါတယ်။ သူတို့ဟာ အလွန်ယဉ်ပါးလှပြီး သင်ပေးဖို့လည်း လွယ်ကူလှပါတယ်။ သူတို့ရဲ့ အလေးချိန်ဟာ ၈၂ ကီလိုဂရမ်ရှိပြီး အရွယ်အစားကတော့ ၈၂ စင်တီမီတာ ရှည်ပါတယ်။

Source : Inside Dogs world (Google)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။