ပရဟိတမင်းသမီးလို့ တင်စားခေါ်ရလောက်တဲ့ သရုပ်ဆောင် မင်းသမီး ခိုင်နှင်းဝေကတော့ တကယ်ကို ပရဟိတအလုပ်တွေကို လုပ်နိုင်သူတစ်ယောက်ပါပဲ..။

အခုတစ်ခါမှာလည်း သူမရဲ့ ကလေးငယ်လေးတွေကို လွမ်းလို့ အလုပ်တွေ မအားလပ်တဲ့ကြားက အမှီ အပြေးလေး သွားတွေ့ခဲ့တယ်လို့ ဆိုပါတယ်..။

ခိုင်နှင်းဝေဟာ ကလေးသူငယ် လူကုန်ကူးမှုတားဆီးရေး သံတမန်တစ်ဦးဖြစ်ပြီး ကလေးငယ်တွေနဲ့ ပတ်သက်တဲ့ အထွေထွေ ပရဟိတအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်..။

ကလေးငယ်လေးတွေကို လွမ်းလို့ ရှုတင်မစခင် အချိန်လေး အပြေးတွေ့ခဲ့တဲ့အကြောင်းလေးကို သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

“ကျွန်မ ကလေးလေးတွေကို လွမ်းလို့ မနက်ဖြန် ရှုတင် မစ ခင်လေး သူတို့ကျောင်းဆင်းချိန်တွက်ပြီး အပြေးအလွှား ရတဲ့အချိန်လေးမှာ တူတူ သွားကစား မုန့်နဲ့ အအေးတွေ သွားကျွေးတာ

ကားပေါ်ကဆင်းလာတာနဲ့ ကိုယ့်နားကိုပြေးလာပြီး သူတို့ပျော်နေတာလေးတွေ တွေ့လိုက်တာနဲ့ တင် အမောတွေပြေကုန်ရော ..ချစ်တယ်.. အရမ်းချစ်တယ်..”လို့ ရေးသားထားတာ ဖြစ်ပါတယ်..။

ကလေးတွေအတွက် မုန့်နဲ့ အအေးတွေကို သွားပို့ပြီး ကလေးငယ်တွေနဲ့ အတူ သူမပါ ပျော်ရွှင်စွာ ကစားပေးခဲ့တဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို စိတ်အပန်းပြေစရာလေးပါပဲ..။

ကလေးတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ရတာတွေဟာ ဘာပဲဖြစ်ဖြစ် သူမအတွက်တော့ ပျော်ရွှင်စရာလေးအဖြစ် မှတ်ယူထားတာလည်း တွေ့ရပါတယ်..။

ခိုင်နှင်းဝေဟာ အောင်မြင်တဲ့ သရုပ်ဆောင် အနုပညာရှင်တစ်ယောက်ဖြစ်သလို ပရဟိတလုပ်ငန်းတွေမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားသူလည်း ဖြစ်ပါတယ်..။

Source - ခိုင်နှင်းေ၀ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။