ကြော့ရှင်းလှပစွာ ရုံးတက်၊ ကျောင်းတက်ဖို့အတွက် ပြင်ဆင်ခြယ်သရတဲ့ အချိန်တွေကို သက်သာစေဖို့ အဓိကကျတဲ့ နည်းလမ်းလေးတစ်ချို့ကို ပြောပြပေးချင်ပါတယ်။ လှပကာ ကြည့်ကောင်းနေစေမယ့်အပြင် အချိန်ကုန်သက်သာစေမယ်ဆိုရင်တော့ ပျိုမေတို့ စိတ်ဝင်စား မယ်ထင်ပါတယ်။ ဒါဆိုနည်းလမ်းကောင်းလေး တွေကိုကြည့်ရအောင် ။ မိနစ် (၂၀)လောက် ရှိရုံနဲ့ လုံလောက်ပါပြီနော်။

မိတ်ကပ်

အောက်ခံမိတ်ကပ်ကိုပါးပါးလေးလိမ်းကာ အပေါ်က ပေါင်ဒါ (သို့) 2way အသားရောင်နဲ့ ကိုက်ညီတာမျိုးကို လိမ်းခြယ်နိုင်ပါတယ်။ ညီညာဖို့တော့ လိုအပ်ပါမယ်။ ပါးနီကိုအလဲ့များပါတဲ့ အဖျော့ကာလာလေးကိုသုံးတာကအဖျော့လေးသုံးတာက ပိုပြီး အဆင်ပြေနိုင်ပါတယ်။ မိတ်ကပ်ပါးပါးလေးသာ လိမ်းခြယ်ထား တာ ကြောင့် နှုတ်ခမ်းနီကတော့ အရောင့်ရင့်ဖြစ်ဖြစ် အရောင်နုနုဖြစ်ဖြစ် သုံးလို့ရပါတယ်။

မျက်ခုံးမွေးကိုတော့ အညှိရောင်ကိုသုံးပါ။ အညှိရောင်က လူငယ်ဆန်စေပြီး ထင်ရှားမှု ပိုရှိစေပါတယ်။ mascara ထူထူလေး လိုချင်တယ်ဆိုရင်တော့ မျက်တောင်မွှေးပေါ်ကို ပေါင်ဒါမှုန့် အနည်းငယ် အသုံးပြုပြီး mascrara ဆိုးလိုက်ပါ။ မိန်းခလေးတိုင်းသင်းပျတဲ့ အမွေးနံ တစ်ခုတော့ရှိနေဖို့ လိုအပ် ပါတယ်။ Lotion (သို့) ရေးမွှေးစွဲမြဲစွာ အသုံးပြု သင့်ပါတယ်။

အဝတ်အစား

အဝတ်အစားဆိုတဲ့နေရာမှာလည်း အလုပ်လုပ်ရာမှာ ကိုယ့်ကိုကိုယ် သက်တောင့် သက်သာ ရှိစေတဲ့ အဝတ်အစားဒီဇိုင်းကိုသာ ရွေးချယ်စေချင်ပါတယ်။ ဂျင်းဘောင်းဘီ အကျပ် များနဲ့ အတိုအပြတ်များကို ရှောင်ကြဉ်ဖို့လိုပါတယ်။ ညီညာပြန့်ပြူးတဲ့အဝတ် အစား များဖို့တော့ လိုအပ်ပါတယ်။

အဝတ်အစားက သက်တောင့် သက်တာရှိမှသာ တနေ့တာလုပ်ငန်းဆောင်တာ များကို ကောင်းမွန်စွာ ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ ယုံကြည်မှုရှိတဲ့အလှနဲ့ တနေ့တာအလုပ်များကို အကောင်းမွန်ဆုံး လုပ်ဆောင် နိုင်မှာပဲ ဖြစ်ပါတယ်။

Photo - google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။