မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ Fifa Club World Cup ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက အယ်ဂျာဇီးရား အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒဏ်ရာကနေပြန်လည်သက်သာလာခဲ့တဲ့ ဂါရတ်ဘေလ်းကတော့ အရန်ခုံကနေလူစားလဲဝင်ရောက်လာခဲ့ပြီးအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီဇင်ဘာ ၁၆ ရက်နေ့မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂရီမီရို အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။ 

အယ်ဂျာဇီးရားအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟာဂျာရီ၊ ဒါဆေးဗာလ်း၊ ဆာနတ်၊ ဟိုဆာနီ၊ ဘော်ဆိုဖာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ စီရော်နယ်ဒို၊ ဘန်ဇီမာ၊ ကိုဗာဆစ်၊ အစ္စကို၊ ကတ်စမဲရိုး၊ မိုဒရစ် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ဖိအားပေးကစားနိုင်ခဲ့ပြီး အနိုင်ရလဒ်ကိုရယူခဲ့တာလည်းဖြစ်ပါတယ်။ 

အဖွင့်ဂိုးကိုတော့ အယ်ဂျာဇီးရား အသင်းကစတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ၄၁ မိနစ်မှာ ဒါဆေးဗာလ်း ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းအတွက် ချေပဂိုးကိုတော့ ၅၃ မိနစ်မှာ စီရော်နယ်ဒိုက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းအတွက် အနိုင်ဂိုးကိုတော့ ၈၁ မိနစ်မှာ ဂါရတ်ဘေလ်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။