ပရီးမီးယားလိဂ်အသင်းကြီးတွေထဲက တစ်သင်းဖြစ်တဲ့ မန်စီးတီးအသင်းကတော့ ယခုနှစ် ၂၀၁၇ခုနှစ်ရဲ့ ၁၅ပွဲဆက်တိုက် ရူံးပွဲမရှိစံချိန်ကို တင်နိုင်ခဲ့ပါပြီ။ မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ဆွမ်းဆီးအသင်းကို ၄ ဂိုး ၊ ဂိုးမရှိနဲ့အနိုင်ယူခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးမှာ ၄၉ မှတ်နဲ့ ရပ်တည်နေပါတယ်။ မန်စီးတီးအသင်းဟာဖြင့် လက်ရှိ၁၇ပွဲကစားခဲ့ရာ ၁၆ ပွဲအနိုင်ရရှိထားပြီး ၁ပွဲသာ သရေကျခဲ့ဖူးပါတယ်။

အဆိုပါတစ်ပွဲမှာလဲ အဲဗာတန်အသင်းနဲ့ ကစားခဲ့ခြင်းဖြစ်ပြီး တစ်ဖက်ကို တစ်ဂိုး ရလဒ်နဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလိဂ်ရဲ့ ဒုတိနေရာမှာ မန်ယူ အသင်းကရပ်တည်နေပြီး ၊ တတိယနေရာမှာတော့ ချယ်ဆီးအသင်းကရပ်တည်နေကာ အဆင့် (၄) (၅) နေရာတွေကိုတော့ စပါး နဲ့ လီဗာပူးလ်အသင်းတို့က အသီးသီးရပ်တည်ထားပါတယ်။ 

ပရီးမီးယားလိဂ်ရဲ့ နိုင်ပွဲဆက်တိုက်ရရှိသောအသင်းများရဲ့မှတ်တမ်းတွေထဲမှာတော့ ၂၀၀၁-၂၀၀၂ မှာ အာဆင်နယ်အသင်း စံချိန်တင်နိုင်ခဲ့တဲ့ ၁၄ ပွဲ ဆက်ရူံးပွဲမရှိ စံချိန်ကို ချိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ လက်ရှိပရီးမီးယား အသင်းရဲ့ (၁၅)ပွဲ ရူံးပွဲမရှိစံချိန်တင်နိုင်ခဲ့သော အသင်းတစ်သင်းလဲဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ရဲ့အကောင်းဆုံးရလဒ်တစ်ခုပိုင်ဆိုင်ထားတဲ့ မန်စီးတီးအသင်းရဲ့ စံချိန်အသစ်တစ်ခုလည်းဖြစ်ပါတယ်။

Source - DM 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။