လီယံဟော့စတရာလေးကို ၂၀၀၅ ခုနှစ် အမေရိကန် မိချီဂန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ တခြားကလေးများနဲ့ မတူထူးခြားစွာ (၅)လသား အရွယ်မှာ လမ်းလျှောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာပေါ်က ကလေးအများစုဟာ ပုံမှန်အားဖြင့် (၁၅) လသားမှ လမ်းလျှောက်ကြပေမယ့် လီယံဟော့စတရာ လေးက ပိုစောလွန်းတယ်လို့ပြောရမှာပါ။ ဒါ့အပြင် သူဟာ (၆)လသားအရွယ်မှာတော့ အိမ်မှာ ရှိတဲ့ ကြိုးတွေပေါ်တွယ်တက်နေနိုင်ပြီပဲ ဖြစ်ပါတယ်။

လီယံဟော့စတရာလေးမှာ ယခုလိုသာမန်ကလေးတွေထက် သန်မာရတဲ့အကြောင်းရင်းကို ပညာရှင်များက လေ့လာမှုတွေပြုလုပ်ခဲ့ပါတယ်။ အဆိုပါလေ့လာမှုတွေအရ လီယံဟော့စတရာလေးဟာ မွေးလာကတည်းက Muscle Hypertrophy လို့ခေါ်တဲ့ သန်မာတဲ့ကြွက်သားတွေနဲ့ မွေးဖွားလာခဲ့တာလည်းဖြစ်ပါတယ်။ သူ့ရဲ့ ၀မ်းဗိုက်ကြွက်သားတွေကလည်း မယုံကြည်နိုင်စရာကောင်းအောင် သန်မာလွန်းလှပါတယ်။ အရိုးဖွဲ့စည်းပုံကတော့ ပုံမှန်ပဲဖြစ်ပြီး သူ့ရဲ့အရွယ်နဲ့မလိုက်အောင် သန်မာလွန်းတဲ့ ကြွက်သားတွေကြောင့် သာမန်ကလေးတွေထက် ထူးခြားလွန်းနေတာလဲ ဖြစ်ပါတယ်။ 

လီယံဟော့စတရာလေး (၃)နှစ်သားအရွယ်မှာတော့ သိပ္ပံပညာရှင်တွေဟာ စမ်းသပ်မှု (၃)ခုပြုလုပ်ကြပါတယ်။ လီယံလေးနဲ့အတူ (၇)နှစ်အရွယ်ကလေးတစ်ယောက်နှင့်ယှဉ်ပြီး အိပ်ထမတင် လုပ်ခို်င်းကြည့်ခဲ့ပါတယ်။ အံ့သြစရာကောင်းတာက လီယံလေးဟာ (၇)နှစ်သားကလေးထက်ပိုပြီး လုပ်နိုင်တာကိုကို တွေ့ရှိခဲ့ကြပါတယ်။ အခုအခါမှာတော့ လီယံလေးဟာ ကမ္ဘာ့အသန်မာဆုံးကလေးအဖြစ် လက်ရှိမှာ စံချိန်တင်ထားနိုင်ခဲ့ပါတယ်။

Source : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။