ဂြိုလ်သားတွေဆိုတာကတော့ သိပ္ပံဝတ္ထုတွေနှင့် ရုပ်ရှင်တွေထဲမှာပါ၀င်လေ့ရှိပါတယ်။ စာရေးဆရာတွေအနေဖြင့် ဂြိုလ်သားတွေကို မကြာခဏဆိုသလို ထည့်ရေးလေ့ရှိပါတယ်။ ယခုဆိုရင်လည်း သိပ္ပံရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ထွက်ရှိလာသလို ဂြိုလ်သားတွေလည်း ပါ၀င်လာပါတယ်။ ထိုကဲ့သို့ ဂြိုလ်သားတွေအနေဖြင့် ကျူးကျော်လာခဲ့ရင် သူတို့၏ ယာဉ်ပျံများ ပါလာလေ့ရှိပါတယ်။

လူသားတွေကတော့ ဟိုးယခင်ကတည်းက ဂြိုလ်သားတွေကို မြင်ဖူးခဲ့တဲ့ ဖြစ်စဉ်များ ရှိခဲ့ပါတယ်။ ထိုကဲ့သို့ ဖြစ်စဉ်တွေမှာ ထူးထူးဆန်းဆန်းယာဉ်ပျံတွေကိုပါ တွေ့ရှိခဲ့ရတာပါ။ အဆိုပါ ယာဉ်ပျံတွေကို အချို့က ပန်းကန်ပြားပျံပုံစံမျိုး မြင်ခဲ့ကြတာပါ။ ယခုအခါလည်း အပြည်ပြည်ဆိုင်ရာ အာကာသအဖွဲ့အနေဖြင့် အာကာထဲမှာ ထူးဆန်းတဲ့ ပုံစံရှိ ဥက္ကာပျံကိုတွေ့ခဲ့ရပါတယ်။ သူတို့တွေ့ရှိခဲ့ရတဲ့ အရာကတော့ ပေ၁၃၀၀ကျော်ခန့်ရှည်လျားကာ ပေ၂၅၀ကျယ်ပါတယ်။ 

ထိုအရာသွားနေတဲ့ အမြန်နှုန်းကတော့ တစ်နာရီကို မိုင်၁သိန်း၉သောင်း၆ထောင်ကျော်ရှိပါတယ်။ အဆိုပါ အရာကို Breakthrough Listen ဟု အမည်ရတဲ့ သိပ္ပံပညာရှင်အဖွဲ့က အမေရိကန်နိုင်ငံ ၀က်စ်ဗာဂျီနီးယားပြည်နယ်ကနေ အလွန်အားကောင်းတဲ့ မှန်ပြောင်းကိုအသုံးပြုပြီးလေ့လာခဲ့တာပဲဖြစ်ပါတယ်။ သူတို့အနေဖြင့် အဆိုပါအရာကို “Oumuamua”ဟုအမည်ပေးခဲ့ပြီး အာကာသယာဉ်ဖြစ်နိုင်သည်ဟု သတ်မှတ်ထားပါတယ်။ ဒါ့အပြင် နာမည်ကျော် ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းကလည်း “Oumuamua” သည် အာကာသယာဉ်ပျံဖြစ်နိုင်သည်ဟု မှတ်ချက်ပေးခဲ့ပါတယ်။

Hein (Mg Lu Aye)

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။