မြန်မာနိုင်ငံသားတွေအနေဖြင့် အိမ်နီးချင်းနိုင်ငံများကို အလုပ်သွားရောက်လုပ်ကိုင်လေ့ရှိပါတယ်။ ထိုကဲ့သို့ လုပ်ကိုင်ရာတွင်ထိုင်းကို ရွှေးချယ်သွားရောက်သူများ မနည်းလှပါဘူး။ သို့သော် ထိုင်းတွင် မြန်မာနိုင်ငံသားများ မကြာခဏဆိုသလို အနိုမ်ခံရလေ့ရှိပါတယ်။ ထိုကဲ့သို့ ဖြစ်ပွားပါက အလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ AAC အဖွဲ့အနေဖြင့် ကူညီလေ့ရှိပါတယ်။ 

သို့သော် ယခုအခါတွင် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ အခက် အခဲ ပြဿနာများကို ကူညီဖြေရှင်းပေးနေသော AAC မဟာမိတ်အဖွဲ့သည် အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုများနှင့် ထိုင်းရဲတပ် ဖွဲ့၏ ဖိအားပေးမှုများကြောင့် အဖွဲ့လှုပ်ရှားမှုများ ရပ်နားခဲ့ ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူ ကိုရဲမင်းက ပြောကြားချက်အရသိရှိရပါတယ်။ အလုပ်သမား ကူညီမှုများ ကို ရင်နာနာဖြင့် ရပ်နားခဲ့ပြီး AAC အဖွဲ့ကို ပျက်စီးစေလိုသူများ က ၎င်းတို့ကို ဂုဏ်သိက္ခာကျ အရှက်ရရန် အကွက်ချ လုပ် ဆောင်မှုများအပြင် အဖွဲ့ဝင်များ ၏ အသက်အန္တရာယ်ကိုပါ ရန်ရှာခြိမ်းခြောက်လာသောကြောင့် အဖွဲ့လှုပ်ရှားမှုများကို အချိန် အကန့်အသတ်မရှိရပ်နားကြောင်းယင်းအဖွဲ့က ဒီဇင်ဘာ ၁၁ ရက် တွင် ကြေညာခဲ့ပါတယ်။  

AAC အဖွဲ့သည် ၂၀၁၄ က စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင် ငံ မဟာချိုင်မြို့တွင် အခြေစိုက် ထားသည်။ AAC အဖွဲ့သည် ထိုင်းရောက် မြန်မာလုပ်သားများ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရမှု၊ လူကုန်ကူးခံရမှု၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရမှုနှင့် သတ်ဖြတ်ခံရမှု စသည်တို့ကို လိုက်လံကူညီဆောင်ရွက်ပေးနေ သော အဖွဲ့ဖြစ်ပါတယ်။ လက်ရှိတွင် ထိုင်းရောက် မြန်မာလုပ်သားများ၏ ပြဿနာ များ တစ်နေ့လျှင် အနည်းဆုံး သုံးမှု ဖြေရှင်းပေးနေရကြောင်း ကိုရဲမင်းက ပြောပါတယ်။ ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာ လုပ်သားများအနက် အလုပ် ထုတ်ပယ်ခံရသူများ၊ အလုပ်မရရှိ သောသူများနှင့် နေထိုင်ရန် အခက်အခဲရှိနေသော မြန်မာလုပ် သားအချို့ နေထိုင်စားသောက် ရန် AAC မဟာမိတ်အဖွဲ့က မဟာချိုင်မြို့တွင် နိုဝင်ဘာ ၂၆ ရက်က ဂေဟာတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။ လက်ရှိတွင် ယင်းဂေဟာ၌ အလုပ်မရရှိသော မြန်မာလုပ် သား ၁၅၀ ခန့် ကိုလက်ခံထား ကြောင်း ကိုရဲမင်းက ပြောခဲ့ပါတယ်။

Source – 7 Days News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။