ဂျပန်လူမျိုးတွေဟာ အလုပ်ကို ကြိုးစားပမ်စား လုပ်နေကြတဲ့ လူမျိုးတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့အလုပ်အပေါ် ပြင်းထန်တဲ့ စိတ်နဲ့ ကြိုးစားတဲ့အတွက်ကြောင့် ဂျပန်နိုင်ငံဟာဆိုရင် ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ်တည်ရှိနေတာပဲဖြစ်ပါတယ်။ သို့သော်လည်း ထိုကဲ့သို့ အလွန်အမင်း အလုပ်လုပ်ခြင်းရဲ့ တစ်ဖက်မှာ ဆိုးကျိုးအနေနဲ့ စိတ်ဖိစီးမှုများကာ နှလုံးဖောက်ခြင်း ၊ မောပန်းခြင်း ၊ လေဖြတ်ခြင်း ၊ အာဟာရ ပြတ်ခြင်းနဲ့၊ ကိုယ့်ကိုကိုယ် သေကြောင်းကြံခြင်းများ ဖြစ်လာကြပါတယ်။

အဆိုပါ လက္ခဏာတွေကြောင့် သေဆုံးရတဲ့ အသက်အရွယ်အများစုဟာ အသက် ၃၀နဲ့ ၄၀ကြားက အရွယ်တွေပဲဖြစ်ပါတယ်။ ယခင်နှစ်က ကောက်ယူခဲ့တဲ့ စစ်တမ်းများအရ ဂျပန်လူမျိုးငါးဦးလျှင် တစ်ဦးဟာ တစ်ပတ်ကို ၄၉နာရီကျော်အလုပ်လုပ်ကြတယ်လို့သိရပါတယ်။ အဲဒီ ပြဿနာကိုဖြေရှင်းဖို့ ရုံးခန်းများလုံခြုံရေးနဲ့ သန့်ရှင်းရေး ပြုလုပ်တဲ့ Taisei ကုမ္ပဏီကအချိန်ကျော်လွန်၍ အလုပ်လုပ်နေသူများအားအိမ်ပြန်ဖို့ ဒရုန်းများဖြင့် သတိပေးမယ့် စနစ်ကိုဖန်တီးလိုက်ပါတယ်။ 

ကင်မရာ တပ်ဆင်ထားတဲ့ ဒရုန်းများက ၀န်ထမ်းများအား စောင့်ကြည့်လေ့လာမှာ ဖြစ်ပြီးအလုပ်ချိန်ပြီးရင် အိမ်ပြန်ဖို့ သတိပေးမှာ ဖြစ်ပါတယ်။ Taisei က ၂၀၁၈ ခုနှစ် ဧပြီလမှာအဲဒီစနစ်ကိုစတင် စမ်းသပ်မှာ ဖြစ်ပြီးသူ့ရဲ့ ၀န်ဆောင်မှုကို အသုံးပြုတဲ့ ကုမ္ပဏီများဟာတစ်လလျှင် ယန်း ၅၀,၀၀၀ (၄၅၀ ဒေါ်လာ) ကျသင့်မှာ ဖြစ်ပါတယ်။ယခုလို ဒရုန်းများ တီထွင်လိုက်ခြင်းဟာ ဂျပန်ပြည်သူများ အလုပ်ဒဏ်ကြောင့် စိတ်ဖိစီးမှုဖြစ်ခံရခြင်းမှ ကာကွယ်ပေးနိုင်မှာဖြစ်ပြီး ဂျပန်ပြည်သူမှားကလည်း အဆိုပါအစီအစဉ်ကို သဘောကျနေတယ်လို့ သိရပါတယ်။

Source : Mobile Guide

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။