နိုဝင်ဘာ(၁၃)ရက်နေ့ မနေ့က ညပိုင်းအချိန် ကချင်ပြည်နယ်၊ဖားကန့်မြို့ပေါ်တွင်၊ ပေါက်ကွဲမှု တစ်ခုဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။ မနေ့က ည ၁၁ နာရီ ၄၅ မိနစ်ခန့် ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက် လမ်းဘေးတွင် မိုင်းသုံးလုံးပေါက်ကွဲ ထိခိုက်ဒဏ်ရာရှိခဲ့သူ မရှိဘူးလို့ ဖားကန့်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ၎င်းပေါက်ကွဲမှု နဲ့ပတ်သတ်ပြီး လက်ရှိမှာတော့ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်မှန်း အတိအကျမသိရသေးပဲ စုံစမ်းစစ်ဆေး မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ 

အဆိုပါ မိုင်းသုံးလုံးပေါက်ကွဲမှုကြောင့် ပြည်သူများ ထိခိုက်မှု မရှိခဲ့သော်လည်း လမ်း ဘေးအဆောက်အဦနှင့် ခြံစည်းရိုးအချို့ အနည်းငယ် ပျက်ဆီးခဲ့တယ်လို့သိရပါတယ်။၎င်းပေါက်ကွဲ ခဲ့တဲ့ မိုင်းအမျိုးအစားမှာ အသံမိုင်း အမျိုးအစားဖြစ်ပြီး သုံးလုံးဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။အဆိုပါပေါက်ကွဲမှု ဟာ ဖားကန့်မြို့မ ရဲစခန်းနှင့် သုံးဖာလုံခန့်အကွာ လမ်းဘေးတစ်နေရာမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဖားကန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။  

Source - 7 Day

Photo - Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။