MEIZU ကတော့ ပြည်တွင်းမှာ နာမည်ရှိ ဖုန်းကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ MEIZU ဖုန်းတွေကတော့ လူလတ်တန်းစားတွေအတွက်လည်း အထူးသင့်လျော်ပါတယ်။ MEIZU အနေဖြင့် ယခုတလောမှာလည်း ဖုန်းအသစ်တွေထပ်မံထုတ်လုပ်ထားပါတယ်။ ထိုအထဲမှာမှ MEIZU၏ M6 Note ဖုန်းလေးကို မိတ်ဆက်တင်ပြပေးလိုက်ပါတယ်။  

MEIZU၏ M6 Note ရဲ့ မျက်နှာပြင် အရွယ်အစားကတော့ 5.5 လက်မပဲဖြစ်ပါတယ်။ ဖုန်းရဲ့ Resolution ကတော့ 1920x1080 ဖြစ်တာကြောင့် Movieတွေ Gameတွေကစားရာမှာ ကောင်းမွန်လှမှာပါ။ ဖုန်းမှာ အသုံးပြုထားတဲ့ Chipsetက Qualcomm MSM8953 Snapdragon 625 CPU ဖြစ်ပါတယ်။ CPU ကိုတော့ Octa-core 2.0 GHz Cortex-A53 အသုံးပြုထားတာမို့ အသုံးပြုရာမှာ ကောင်းမွန်လှပါတယ်။ ဖုန်းမှာ အချက်အလက်တွေ သိုလှောင်နိုင်ဖို့ သိုလှောင်နိုင်စွမ်းအဖြစ် 32 GB နှင့် 64 GB အဖြစ် အမျိုးအစားနှစ်မျိုးကွဲသွားပါတယ်။ 

ဒါ့အပြင် SD Card စိုက်၍ 256 GB ထိတိုးမြင့်နိုင်ပါတယ်။ ဖုန်းရဲ့ ရှေ့ကင်မရာကတော့ Dual Camera ဖြစ်ကာ 12 Megapixels ကင်မရာ၂ခုကိုအသုံးပြုထားပါတယ်။ Selfieရိုက်ဖို့ကတော့ 5 Megapixels ကင်မရာကို သုံးနိုင်မှာပါ။ RAM အဖြစ် 4 GBနှင့်3 GB ဟု၍ နှစ်မျိုးကွဲသွားသော်လည်း RAM မြင့်မားသောကြောင့် ဖုန်းကိုလျင်မြန်စွာ သုံးနို်င်မှာပါ။ ဒါ့အပြင် လက်ဗွေရာစနစ်လည်းပါ၀င်ပါတယ်။ MEIZU M6 Note 4GB Ram 64GB Romကို ၃သိန်း၂သောင်း၉ထောင်ဖြင့်ဝယ်ယူနိုင်ပြီး MEIZU M6 Note 3GB Ram 32GB Romကို ၂သိန်းရသောင်း၉ထောင်ဖြင့် ၀ယ်ယူအသုံးပြုနိုင်ပါတယ်။

Hein (Mg Lu Aye)

Source – Gsmarena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။