ယနေ့ခေတ်မှာ Selfie ဆွဲနေကြတာအထူးအဆန်း မဟုတ်တော့ဘူး။ နည်းပညာကြီးရဲ့ တိုးတက်ပြောင်းလာမှုတွေအရ Selfie ရိုက်တဲ့ ပုံတွေကလည်း လှပပြီး ပိုမို ကြည်လင်ပြတ်သားလာခဲ့ပါတယ်။ ဒါပေမယ့် Selfie ရိုက်ကူးခြင်း အလေ့အထတွေဟာ ယခုမှမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ကျော်ထဲက ပေါ်ပေါက်ခဲ့တာကို ပရိသတ်ကြီး အတွက် ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

၁၈၃၉ ခုနှစ်တုန်းက အပျော်တမ်းဓာတ်ပုံဆရာဖြစ်တဲ့ ရောဘတ်ကော်လီးနီးယပ်စ် ဆိုသူဟာ ကမ္ဘာ့ပထမဆုံး Selfie ကို ရိုက်ကူးထားခဲ့တယ်လို့ ယုံကြည်ခဲ့ရပါတယ်။ သူ့ရဲ့မှတ်တမ်းတစ်ခုထဲမှာ ပထမဆုံး Selfieကို ၁၈၃၉ ခုနှစ်မှာ ပထမဆုံးအကြိမ် ရိုက်ကူးခဲ့တယ်လို့ ရေးထားပါတယ်။ နောက်ထပ် လေးနှစ်ကြာတဲ့အချိန်မှာတော့ Selfie ဓာတ်ပုံ လေးပုံထက်မနည်း ရိုက်ကူးခဲ့ပေမယ့် ထွက်လာတဲ့ ပုံရိပ်တွေက မပီမပြင်ဝိုးတဝါး တွေပဲထွက်လာပါတယ်။

ဒါဟာ Selfie ရိုက်ကူးတဲ့ သမိုင်းအစပဲဖြစ်ပါတယ်။ယခုအချိန်မှာတော့ ကော်နီးလီးယပ်စ်ခေတ်တုန်းကလို မပီမပြင်ပုံအရည်အသွေးမျိုး မဟုတ်တော့ပဲ စွမ်းဆောင်ရည်မြင့်လာသော စမတ်ဖုန်းများဖြင့် ကွာလတီကောင်းတဲ့ Selfie တွေကို ရိုက်ကူးနေနိုင်ပြီပဲဖြစ်ပါတယ်။ သို့သော်လည်း ယခုဓာတ်ပုံဟာ ကမ္ဘာ့ပထမဆုံး Selfie ဓာတ်ပုံဖြစ်ခဲ့တယ်ဆိုတာကိုတော့ ယနေ့အချိန်အထိ ပညာရှင်တွေအကြားမှာ အငြင်းပွားလျက်ရှိကြပြီး အခိုင်အမာသက်သေမပြနိုင်ကြသေးပါဘူး။

Source : News 18 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။