မြန်မာနိုင်ငံက ဘင်္ဂါလီများကို ပြုမူဆက်ဆံနေခြင်းများကြောင့် ဆူဇူကီးဖလားပွဲကို ဆက်မကန်စေတော့ရန် မလေးရှား စဉ်းစားနေ

မြန်မာနိုင်ငံက အိမ်ရှင်ပြုလုပ်၍ ကျင်းပလျှက်ရှိသော ယခုနှစ်အတွက် အာဆီယံဘောလုံးအဖွဲ့ချုပ် ဆူဇူကီးဖလားပွဲဝယ် မလေးရှားအသင်းကို ဆက်လက်ယှဉ်ပြိုင်ခြင်းမပြုစေတော့ရန် စဉ်းစားနေကြောင်း မလေးရှား အကြီးတန်းအရာရှိတစ်ဦးကပြောသည်။

မြန်မာနိုင်ငံက ဘင်္ဂါလီများကို ပြုမူဆက်ဆံနေခြင်းများကို သပိတ်မှောက်ဆန္ဒဖော်ထုတ်သည့်အနေဖြင့် ယခုကဲ့သို့ ဆက်လက်ယှဉ်ပြိုင်ခြင်းမပြုစေတော့ရန်စဉ်းစားခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံ လူငယ်နှင့်အားကစားဝန်ကြီး မစ္စတာ ခိုင်ရီ ဂျမာလူဒင်(Khairy Jamaluddin)ကပြောကြားခြင်းဖြစ်သည်။

"ဒီကိစ္စကို ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက အစိုးရအဖွဲ့အစည်းအဝေးမှာ ကျွန်တော်တင်ပြခဲ့ပါတယ်။ ဒီအပတ်မှာလည်း ဒီကိစ္စကို ဆက်တင်ပြဦးမှာဖြစ်ပြီး လမ်းညွှန်ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်မှာပါ"ဟု မစ္စတာ ဂျမာလူဒင်က သူ၏ တွစ်တာအကောင့်တွင် ယနေ့ရေးသားထားသည်။

ref: The Malay Mail, The Straits Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။