ယခုနှစ် ITFတစ်နှစ်တာအကောင်းဆုံးတင်းနစ်ဆုကို ရာဖေးလ်နာဒယ်လ်(Nadal) နှင့် ဂါဘိုင်းမူဂူရူဇာ (Garbine Muguruza)တို့ကရရှိသွားကြောင်းသိရပါတယ်။ ရာဖေးလ်နာဒယ်လ် နှင့် ဂါဘိုင်းမူဂူရူဇာတို့ဟာ ယခုနှစ်ပေးအပ်သော အပြည်ပြည်ဆိုင်ရာ တင်းနစ်အဖွဲ့ချုပ်ရဲ့ အကောင်းဆုံး ITF ကစားသမားများအဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ စပိန်တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်လ်ကတော့ ကမ္ဘာ့အကောင်းဆုံး အမျိုးသားတင်းနစ်ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

နောက်အမျိုးသမီး ITFမှပေးသော တင်းနစ်အကောင်းဆုံးဆုကိုတော့ ဂါဘိုင်းမူဂူရူဇာ(Garbine Muguruza) ကရရှိခဲ့တာဖြစ်ပါတယ်။ ရာဖေးလ်နာဒယ်လ်ကတော့ အသက်အကြီးဆုံး စပိန်တင်းနစ်အကောင်းဆုံးကစားသမားတစ်ဦးအဖြစ်ရပ်တည်ခဲ့ပါတယ်။ ရာဖေးလ်နာဒယ်လ်ကတော့ ရိုလန်ဂါးရို့တင်းနစ် ပြိုင်ပွဲကို (၁၀)ကြိမ်အနိုင်ရရှိခဲ့ပြီး ၊ US Open တင်းနစ်မှာတော့ (၃)ကြိမ် အနိုင်ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။

ဂါဘိုင်းမူဂူရူဇာ(Garbine Muguruza) ကတော့ (၄၇)ပွဲ အနိုင်ရရှိထားသော ကစားသမားတစ်ဦးဖြစ်ပြီး (၂၁) ကြိမ်အရူံးနဲ့ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ “ကျွန်မ ITF ရဲ့အကောင်းဆုံးကစားသမားဖြစ်လာတာ မယုံကြည်လောက်အောင် အံသြမိပါတယ်”လို့ ပြောပြခဲ့ပါတယ်။ ရာဖေးလ်နာဒယ်လ်ကတော့ အားလုံးအတုယူသင့်တဲ့ စပိန်တင်းနစ်လောကရဲ့ အကောင်းဆုံး ကြယ်ပွင့် တစ်ယောက်ဖြစ်ပါတယ်။

Source -DM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။