ထိုင်းကိုရာဇဝင်ကြွေးဆပ်ခဲ့တဲ့မြန်မာ

အဓိကပြိုင်ပွဲတွေမှာမြန်မာအသင်းတွေထိုင်းအသင်းတွေကို

မနိုင်တာကြာခဲ့ပြီ။အရှေ့တောင်အာရှဒါဘီဆိုတဲ့အတိုင်း

ဒီနှစ်သင်းတွေ့ဆုံတိုင်းပြိုင်ဆိုင်မှုကတော့ပြင်းထန်ခဲ့ကြတယ်

မဟုတ်လော။ဒီဘက်နှစ်တွေမှာတော့မြန်မာထက်အစစအရာရာထိုင်းတွေကအသာရပြီးအရှုံးတွေကြားမှာရွှေမြန်မာတို့တဂဲဝဲလည်။

အခုတော့ဦးကြည်လွင်ခေါင်းဆောင်တဲ့မြန်မာယူ-21က

ဗီယက်နမ်ဖိတ်ခေါ်ဖလားမှာထိုင်းကိုတစ်ဂိုးဂိုးမရှိနဲ့

အနိုင်ယူပြီးထိုင်းတို့ကိုရာဇဝင်ကြွေးဆပ်လိုက်ချေပြီ။

ချိုမြိန်လွန်းပေစွ။

မြန်မာနိုင်ငံသားနည်းပြဦးကြည်လွင်နဲ့ထိုင်းတို့အားကိုးတကြီးခေါ်ထားရတဲ့

စပိန်ဘာစီလိုနာလာမာစီယာကနည်းပြတို့ရဲ့အားပြိုင်မှု

ဘယ်သူအသာရခဲ့သလဲဆိုတာမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြရပါတယ်။ဘာစီလိုနာစတိုင်ဘောလုံးပိုင်ဆိုင်မှုအသာစီးယူပြီး

ကစားသောထိုင်းကိုဘောလုံးပေးကိုင်ထားလိုက်တယ်။ထိုင်း

တိုက်စစ်မှူးတွေတစ်ယောက်မှမြန်မာတို့ရဲ့နောက်တန်းကို

ကျော်လို့မရအောင်ဦးကြည်လွင်နည်းဗျူဟာချမှတ်ခဲ့ပါတယ်။

ခံစစ်ကိုအသေအချာပိတ်ပြီးဟိန်းထက်အောင်အီစိုးတို့ရဲ့

လျှင်မြန်တဲ့ကောင်တာတိုက်စစ်နဲ့ထိုင်းကိုပထမပိုင်းမိနစ်

လေးဆယ်ကျော်မှာဂိုးစသွင်းပြီးတုန်လှုပ်စေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်းအာဆီယံဘောလုံးဘုရင်ထိုင်းတို့လှုပ်

ချိန်တောင်မရခဲ့။မြန်မာ့ရှေ့တန်းကအီစိုးကလှစ်ခနဲ၊လှစ်ခနဲ

ထိုင်းနောက်ခံလူတွေကြားမွေနှောက်ပြခဲ့တယ်။အီစိုးကို

မထိန်းနိုင်၍ထိုင်းဂိုးသမားပါအနီကဒ်ပြထုတ်ပယ်ခံခဲ့တယ်။

ထိုင်းတို့ဆယ်ယောက်ဖြစ်သွားချိန်မှာတော့ပွဲကမြန်မာရဲ့

ပွဲဖြစ်သွားပါတော့တယ်။မြန်မာဂိုးသမားဘုန်းသစ္စာ

မင်းကလည်းအကောင်းဆုံးကာကွယ်မှုတွေပြုလုပ်ပြီး

Man of the Matchယူသွားခဲ့ပါတယ်။ပွဲအပြီးမှာတော့

ပထမပိုင်းကရလဒ်အတိုင်းတစ်ဂိုးဂိုးမရှိနဲ့မြန်မာတို့ထိုင်းကို

အနိုင်ယူကာမော်ကြွားစွာအောင်ပွဲခံနိုင်ခဲ့လေသတည်း။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။