စစ်တွေမြို့တွင် အမျိုးသမီးတစ်ဦးက ခေါင်းပေါ်တွင်ရေအိုး၅လုံးရွက်ကာ ဆိုင်ကယ်စီးပြခဲ့ပါတယ်။ ထိုကဲ့သို့ စီးပြခဲ့တဲ့ အမျိုးသမီးကတော့ မမိစုဝေပဲဖြစ်ပါတယ်။ သူမက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ နေထိုင်ပါတယ်။ မစုမိဝေအနေဖြင့် ဒီဇင်ဘာ(၁၅)ရက်နေ့မှာကျရောက်တဲ့ (၄၃)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ထိုကဲ့သို့ လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

မမိစုဝေဟာ ရေအိုး(၅)လုံး ကို ခေါင်းပေါ်တင်ပြီး စစ်တွေမြို့ဝင်္ကဘာကွင်းမှာ ဆိုင်ကယ်စီးပြသခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်နေ့ရခိုင်ပြည်နယ်နေ့ဖွင့်ပွဲအခမ်းအနားအပြီးမှာ မမိစုဝေအခုလိုမျိုးစီနင်းပြသခဲ့တာဖြစ်ပါတယ်။ မမိစုဝေက ရခိုင်ပြည်နယ်အတွင်းမှာအခုလိုမျိုး ရေအိုးထမ်းပြီးစီးနင်းနိုင်တဲ့သူ တွေရှိတယ်ဆိုတာကိုပြသချင်တယ်လို့ ပြောပါတယ်။ ထိုကဲ့သို့ ထူးဆန်းအံ့ဖွယ်လုပ်ပြခဲ့တဲ့ မစုမိဝေ၏အသက်ကတော့ ၂၇နှစ်ရှိပါပြီ။

ရေအိုးတင်စွမ်းရည်ပြခဲ့တဲ့ မမိစုဝေဟာ၂၀၁၃ ခုနှစ်က ရေအိုး ၃ လုံး၊ ၂၀၁၄ ခုနှစ်က ရေအိုး ၄ လုံးနဲ့ ၂၀၁၇ ဒီနှစ် ရခိုင်ပြည်နယ်နေ့ စစ်တွေမြို့မှာကျင်းပတဲစွမ်းရေးပြသမှုတွေမှာတော့ ရေအိုး ၅ ကိုဆိုင်ကယ်စီးနင်းပြခဲ့တယ်။သူ့အနေနဲ့ မြန်မာနိုင်ငံအတွင်း အခုလို စွမ်းရည်ပြသပွဲ ဖိတ်ခေါ်မယ်ဆိုပါက ဝင်ရောက်ပြသချင်တယ်လို့ ဆိုပါတယ်။ ထပ်မံ၍ မမိစုဝေက အာရုံးစုံစိုက်မှု ပိုပြီးလုပ်နိုင် ရေအိုး(၇)လုံးအထိ စွမ်းရည်ပြနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်နေ့မှာ ရခိုင်ရိုးရာကျင်ကိုင်ပွဲ၊ ရခိုင်ရိုးရာတ်စားဆင်ယင်မှု၊ ရခိုင်ရိုးရာဝတ္ထူပုံပြင်ပြောပွဲ၊ စာစီစာကုံး၊ကာတွန့်၊ ပိုစတာပြိုင်ပွဲအပါအဝင်မျက်လှည့်ဖျော်ဖြေရေးပါဝင်ကြပါတယ်။

Source – DvB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။