ယခုရက်ပိုင်းအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အတည်ပြုလိုက်ပါတယ်။ အမေရိကန်သမ္မတ ထရန့်က ဂျေရုစလင်အား အစ္စရေး၏ မြို့တော်အဖြစ် အသိအမှတ်ပြုမှုသည် သမိုင်းကြောင်းဆိုင်ရာနှင့် မျက်မှောက်ခေတ်ဆိုင်ရာ လက်တွေ့အခြေအနေကို အသိအမှတ်ပြုခြင်းဟု ရှုမြင်ခဲ့ကြောင်း ၎င်းက ဆိုခဲ့ပါတယ်။ ဂျူးများ၊ မွတ်စလင်များနှင့် ခရစ်ယာန်တို့အကြား ရာစုနှစ်နှင့်ချီ ကြာမြင့်ခဲ့သော ခါးသီးသည့် အငြင်းပွားမှုများကို ပိုမိုဆိုးရွားစေနိုင်သည့် ယင်းဆုံးဖြတ်ချက်အပြီးတွင် ထရန့်သည် တဲအဗစ်တွင် အခြေစိုက်ထားသော အမေရိကန်သံရုံးကို ဂျေရုစလင်သို့ရွှေ့ပြောင်းရန်အတွက် စီစဉ်ရန် ညွှန်ကြားချက်လည်း ထုတ် ပြန်မည်ဖြစ်သည်ဟုသိရပါတယ်။  

ထရန့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိမှတ်ပြုခြင်းနှင့်ပတ်သတ်၍ မိန့်ခွန်းပြောခဲ့ပါတယ်။ ထိုမိန့်ခွန်းအထဲတွင် ထရန့်က “အရင်အမေရိကန်သမ္မတတွေအနေဖြင့် ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိမှတ်ပြုမည်ဟု ပြောခဲ့သော်လည်း သူတို့တွေလုပ်ဆောင်ရန်ပျက်ကွက်ခဲ့ပါတယ်။ သို့သော် ကျွန်ုပ်က ယနေ့မှာတော့ အသိအမှတ်ပြုနိုင်ခဲ့ပါပြီ” လို့ထည့်ပြောခဲ့ပါတယ်။ အဆိုပါ အရှေ့အလယ်ပိုင်းဒေသတွေကတော့ အမြဲလိုလို စစ်ရေးတင်းမာနေလျက်ရှိပါတယ်။ အထူးသဖြင့် အစ္စရေးနိုင်ငံအရေးက အမြဲလိုလို ဖြစ်ပျက်နေတာပါ။ အစ္စရေးကို အိမ်နီးချင်း အာရပ်နိုင်ငံများက အမြဲရန်စနေသလို အစ္စရေးကလည်း အမြဲတင်းမာတဲ့သဘောထားနှင့်ပဲ ပြန်တုံ့ပြန်လေ့ရှိပါတယ်။ ယခုအခါလည်း နောက်ထပ် အကြမ်းဖက်မှုတွေ ထပ်မံပေါ်ပေါက်လာဖွယ်ရှိပါတယ်။ ဒါကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်လည်းသက်ဆိုင်နေတာပါ။ အကယ်၍သာ ထရန့်အနေဖြင့် ဂျေရုစလင်မြို့ကို အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် သတ်မှတ်လိုက်ပါက အကြမ်းဖက်မှုများပိုအားကောင်းလာဖွယ်ရှိတယ်လို့ အာရပ်အဖွဲ့ချုပ် သတိပေးခဲ့တာပဲဖြစ်ပါတယ်။ 

ထို့ပြင် ယင်းဆုံးဖြတ်ချက်သည် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူ မဖြစ်စေနိုင်ကြောင်းလည်း အာမက်အဘူဂါအိက ကိုင်ရိုတွင် သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။ ထို့ကဲ့သို သတိပေးမှုများ ရှိနေသော်လည်း ဒေါ်နယ်ထရန့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အတည်ပြုခဲ့တာပါ။ ထို့ကြောင့် ယခုအခါ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အတည်ပြုလိုက်ပြီးနောက်မှာ အာရပ်နှင့်မွတ်စလင်နိုင်ငံများက ထရမ့်၏ကြေညာချက်ကိုရှုတ်ချခဲ့ပါတယ်။ မူဆလင်နိုင်ငံဖြစ်တဲ့ တူရကီနိုင်ငံ အီစတန်ဘူးလ်မြို့ရှိ အမေရိကန်ကောင် စစ်ဝန်ရုံးအပြင်ဘက်တွင်လည်း ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြတာပါ။ ဒါ့အပြင် မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇက်ကလည်း နေရာတိုင်းမှ မွတ်စလင်အားလုံးအား ထရမ့်၏လုပ်ရပ်ကိုဆန့်ကျင်ကြရန် တိုက်တွန်းထားသည်ဟု သိရှိရပါတယ်။ ယခုအခါတွင်လည်း ဥရောပသမ္မဂ္ဂအဖွဲ့ အီးယူကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အတည်ပြုမှုကို မထောက်ခံကြောင်း ကြေညာခဲ့ပါတယ်။

Source – Reuters 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။