ဗဟာဒူးဆိုတာမြန်မာဘောလုံးသမိုင်းတစ်လျှောက်

အကျော်ကြားဆုံးသောဘောလုံးသမားကြီးတစ်ဦးဖြစ်ပါတယ်။

မြန်မာတို့ရဲ့ဘောလုံးရွှေခေတ်တပ်ဦးရဲ့တပ်မှူးကြီးအဖြစ်

ဗဟာဒူးကိုတင်စားလျှင်လည်းလွန်အံမထင်။ဂေါ်ရခါး

လူမျိုးတစ်ယောက်ဖြစ်သောဗဟာဒူးကကိုရှမ်းဗဟာဒူး

လို့ခေါ်ကြသည်ဟူသတတ်။ရှေးရှေးကတိုင်းနဲ့ပြည်နယ်ပွဲ

တွေမှာရှမ်းပြည်နယ်ကိုယ်စားပြုကစားခဲ့တာကြောင့်

သူကို့ရှမ်းဗဟာဒူးလို့ဘောလုံးချစ်ပရိသတ်တွေက

ခေါ်ကြတယ်လို့မှတ်သားခဲ့ရဖူးပါတယ်

အခုအီစိုး။ဗဟာဒူးကဲ့သို့ပင်ဂေါ်ရခါးလူမျိုးဘောလုံးသမား

လေး။သူကတော့ရှမ်းပြည်ကမဟုတ်ကချင်ပြည်နယ်မြစ်ကြီးနားဇာတိ။ငြိမ်းချမ်းအောင်ပြီးနောက်ကျော်ကြားလာမည့်မြစ်ကြီးနား

သားတစ်ဦးပင်။အီစိုးကရန်ကုန်ယူနိုက်တက်လူငယ်

အသင်းရဲ့တိုက်စစ်မှူးဖြစ်ပြီးလူငယ်ပြိုင်ပွဲတွေမှာဂိုးတွေတဒိုင်းဒိုင်းသွင်းပြီးဦးကြည်လွင်ရဲ့မြန်မာယူ-21တွင်ရွေးချယ်ခံခဲ့ရပါတယ်။ထိုင်းအသင်းကိုမနေ့ကသမိုင်းဝင်အနိုင်ရခဲ့သောပွဲတွင်လည်း

အီစိုးကအခရာကျခဲ့ပါတယ်။သူအကွက်မြင်မြင်ဖန်တီးပေးခဲ့သောဘောလုံးကို

ဟိန်းထက်အောင်ကတိကျစွာပိတ်သွင်းပြီးထိုင်းအသင်းကိုအနိုင်ယူပြခဲ့ပါတယ်။ဒါ့အပြင်အီစိုးကဗီယက်နမ်ယူ-19နဲ့ပွဲမှာလည်းပြိုင်ပွဲရဲ့

ပထမဆုံးဂိုးကိုသွင်းယူပေးခဲ့သေးပါတယ်။

အီစိုးကားကျော်ကိုကို၊အောင်သူ၊ဝင်းနိုင်ထွန်းတို့နောက်

ပေါ်ထွက်လာတဲ့မြန်မာတို့ရဲ့တိုက်စစ်သူရဲကောင်းတစ်ယောက်

ပင်ဖြစ်ပါတယ်။တိုးအား၊ပြေးအား၊အဆုံးသတ်သေချာမှု

ပြောစရာမလိုတဲ့သူ့ကိုထွန်းတောက်လာမယ့်ကြယ်တစ်ပွင့်

အဖြစ်ပရိသတ်တွေကအခုဆိုမျှော်လင့်နေကြပါပြီ။

ဂေါ်ရခါးလူမျိုးလေးတစ်ဦးဖြစ်လို့မြန်မာတို့အတွက်နောက်ထပ်

ဗဟာဒူးတစ်ယောက်များထပ်ရမလားဟဲ့ဆိုပြီးမျှော်လင့်နေကြ

ဟန်တူပါတယ်။ရှမ်းဗဟာဒူးကဲ့သို့ကချင်ဗဟာဒူးလေးကရော

မြန်မာ့ဘောလုံးလောကကကိုအောင်မြင်မှုတွေဆောင်ကျဉ်း

ပေးမလားဆိုတာကတော့...

AGU

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။