မန္တလေးဝန်ကြီးချုပ်အနေဖြင့် အစိုးရအကူးအပြောင်း ကာလတွင် မန္တလေးတိုင်းအတွင်း အများနှင့်သက်ဆိုင်သော မြေများ၊ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိ သော မြေများကို ပုဂ္ဂလိကသို့ လွှဲပြောင်းချထားပေးခဲ့မှုကို ပြန်လည်သိမ်းဆည်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ထိုကဲ့သို့ ပြောခဲ့ပါတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အနေဖြင့် လွှတ်တော်တွင် ဖြေဆိုပြောကြားခဲ့တာပဲဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၁၂ ရက်တွင် ကျင်းပ သည့် လွှတ်တော်အစည်းအဝေး၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို လွှတ်တော်သို့ အစီရင်ခံ တင်ပြရာ၌ အစိုးရအသွင်ကူးပြောင်း ကာလအတွင်း အများပြည်သူပိုင် မြေများကို ပုဂ္ဂလိကသို့ လွှဲပြောင်းချထားမှုနှင့်ပတ်သက်၍ ဥပဒေနှင့်ညီ၊ မညီ ပြန်လည်စိစစ်ကာ အများပြည်သူအကျိုးအတွက် ပြန်လည်အသုံးပြုရန် လွှတ်တော်၏ တိုက်တွန်းချက်နှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်က ယင်းသို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ မြေပေးမိန့်ထုတ်ပေးခဲ့ခြင်း သည် အမျိုးသားမြေအသုံးချမှု မူဝါဒနှင့် ကိုက်ညီမှုမရှိခြင်း၊ ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ် နည်းနှင့် ညီညွတ်မှုမရှိခြင်းတို့ ကြောင့် မြေနေရာချထားပေးခဲ့ သည့်မြေကွက် ၁၃၅ ကွက်ကို ပြန် လည်သိမ်းယူမည်ဖြစ်ကြောင်း ၎င်းက လွှတ်တော်တွင် ပြောခဲ့တာပဲဖြစ်ပါတယ်။ 

စစ်ဆေးတွေ့ရှိမှုများတွင် စာသင်ကျောင်း၊ စျေး၊ ပန်းခြံ၊ အားကစားကွင်း၊ ဌာနဆိုင်ရာ ရုံးနေရာများ၊ သတ်မှတ်ထား သော မြေနေရာများကို အစိုးရ အသွင်ကူးပြောင်းရေး ကာလ ၂၀၁၅ နိုဝင်ဘာ ၁၀ ရက်မှ ၂၀၁၆မတ်လ ၃၀ ရက်အတွင်း လူ နေထိုင်ရန် ချထားပေးခဲ့ကြောင်း၊ လူတစ်ဦးတည်းကိုပင် မြေဧက များစွာ ချထားပေးခြင်းများတွေ့ ရှိရကြောင်း ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ အသင်းအဖွဲ့များ၊ နိုင်ငံရေး ပါတီများအတွက် မြေနေရာချ ထားပေးရာတွင် မြေတန်ဖိုးကင်း လွတ်ခွင့်ပေးသည်မှာ သင့်လျော် မှုမရှိကြောင်း၊ အစိုးရစီမံပိုင်ခွင့် ရှိသော လပ်မြေများကို လူပုဂ္ဂိုလ် များအား အလွန်လျင်မြန်စွာ မြေ ပေးမိန့်ခွင့်ပြုထားခြင်း၊ မြေငှား ဂရန်လျှောက်ထားရာတွင် လိုအပ်သော ဥပဒေ၊ နည်းဥပဒေနှင့်ညီ ညွတ်မှုမရှိကြောင်းကို တွေ့ရှိခဲ့ သည်ဟု ဆိုခဲ့ကြောင်း သိရသည်။ လက်ရှိ သိမ်းဆည်းမည့် မြေကွက် ၁၃၅ ကွက်သည် မြို့ ပေါ်ရှိ မြေကွက်များအားလုံးဖြစ် ပြီး ဥပဒေလုပ်ထုံးလုပ်နည်းမညီ သဖြင့် ဂရန်ပါ စည်းကမ်းချက် ၁၃ ချက်အရ မြေဖိုးပြန်လည်ပေး ရန် မလိုအပ်သော်လည်း အစိုးရက ပြည်သူကိုယ်စားပြုတက်လာ ၍ အစိုးရကို ပေးသွင်းထားသည့် မြေတန်ဖိုးအတိုင်း ပြန်ပေးမည်ဖြစ်ကြောင်း သိရှိရပါတယ်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။