ရီးရဲလ်မက်ဒရစ်အသင်းဟာ FIFA Club World Cup ပြိုင်ပွဲ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရန်အတွက် အသင်းသားအားလုံး လေ့ကျင့်ရေးကွင်းမှာ လေ့ကျင် ပြင်ဆင်နေကြပြီလည်းဖြစ်ပါတယ်။ဗိုလ်လုပွဲမှာ ဂရီမီရို အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။မနက်ဖြန် စနေနေ့ည ၁၁ နာရီခွဲမှာ Zayed Sport City ကွင်းမှာ ဗိုလ်လုပွဲကိုကျင်းပသွားမှာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ အယ်ဂျာဇီးရား အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာ စီရော်နယ်ဒို ၊ဂါရတ်ဘေလ်း တို့ရဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။လေ့ကျင်းရေးကွင်းမှာ စီရော်နယ်ဒို၊ ဂါရတ်ဘေလ်း၊ မိုဒရစ်၊ အစ္စကို၊ မာဆယ်လို၊ ကရူး ၊ ကတ်စမဲရိုး၊ နာဗတ် တို့ ဗိုလ်လုပွဲအတွက် လေ့ကျင့်မှုတွေအပြင်းအထန်ပြုလုပ်နေကြတာကိုလည်းတွေ့မြင်ရပါတယ်။နည်းပြဇီဒန်းကတော့ ဂရီမီရိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမဲ့ ဗိုလ်လုပွဲမှာ လူစုံထုတ်ကစားသွားဖို့ရှိနေတာဖြစ်ပြီး BBC တိုက်စစ်ကို မြင်တွေ့သွားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။ 

နည်းပြဇီဒန်းကတော့ ဗိုလ်လုပွဲအတွက် လူစုံပါဝင် နိုင်ကစားနိုင်မှာကို ပျော်ရွင်နေတာလည်းဖြစ်ပါတယ်။ရီးရဲလ်အသင်းမက်ဒရစ်အသင်းရဲ့ ကစားသမားတွေ တက်ကြွစွာလေ့ကျင့်ခန်းဆင်းနေကြတဲ့ ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်။မနက်ဖြန်မှာတော့ ဘယ်အသင်းက အနိုင်ရပြီး ဖလားဆွတ်ခူးသွားနိုင်မလဲဆိုတာကတော့ စောင့်ကြည့်သွားရမယ်ဗျာ။

source - daily mail sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။