မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းကို ယာဉ်သွားလာမှုများလာတာကြောင့် ၂၀၁၇ နှစ်ဆန်းပိုင်းက ပိုင်း လောက်မှစတင်ပြီး လေးလမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့ဖောက်လုပ် လာခဲ့တာပဲဖြစ်ပါတယ်။ လာမယ့် ၂ဝ၁၈ ခုနှစ်၊ မတ်လအတွင်း မှာတော့ မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းကို တိုးချဲ့ဖောက်လုပ်မှု လုပ်ငန်းစဉ်များကို အပြီးပြတ် လုပ်ဆောင်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် ကပြောပါတယ်။ 

အဆိုပါ တိုးချဲ့ဖောက်လုပ်နေတဲ့ လမ်းပိုင်းကို Oriental Highway ဆောက်လုပ်ရေးကုမ္ပဏီ မှ တာဝန်ယူ ဆောင်ရွက်နေတာဖြစ်ပြီး နေ့စဉ်တိုးတက်များပြားလာတဲ့ ကားအစီးရေနှင့်အညီ ယာဉ် ကြောပိတ်ဆို့မှု လျော့ကျစေရန်အတွက် ရည်ရွယ် ဆောင်ရွက်နေခြင်း ဖြစ်တယ်လို့သိရပါတယ်။ မန္တလေး-မူဆယ် လမ်းမကြီးတွင်လည်း နေ့စဉ် ကားအစီးရေ ရှစ်ထောင်ဝန်းကျင်ခန့် ဖြတ်သန်း နေတာပဲဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ၄၂ မိုင် ရှည်လျားတဲ့ မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းအား ၎င်းမော်တော်ယာဉ်များအားလုံး ဖြတ်သန်းသွားလာနေရာ လမ်းအဖြစ် အသုံးပြုနေရတာ ကြောင့်ယာဉ် ကြောပိတ်ဆို့မှုများ ရှိနေခဲ့တာပဲဖြစ်ပါတယ်။ယခု ခရီးသွား ရာသီအချိန်နှင့်ပွဲတော်ရာသီချိန်များတွင် လမ်းအသုံးပြုမှု ပိုမိုများပြားလာတာကြောင့် ယာဉ်ကြောကြပ် တည်းမှုများ မကြာခဏဖြစ်ပေါ်နေရတာပဲဖြစ်ပါတယ်။ မန္တလေး-ပြင်ဦး လွင်လမ်းပိုင်းဟာလက်ရှိမှာ နှစ်လမ်းသွားအကျယ် အတက်လမ်း၊ အဆင်းလမ်းရှိပြီး လေးလမ်းသွားအဖြစ် တိုးချဲ့ဖောက်လုပ်နေတာပဲဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - ဒီလှိုင်းဝင်း/ ဧရာဝတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။