ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှုး မိုရာတာ သူရဲ့ အိမ်မှာ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှုးဟောင်း ဒရော့ဘာရဲ့ သွင်းဂိုးတွေကို ဂိုးသွင်းမှတ်တမ်းခွေတွေကနေတဆင့် လေ့လာမှတ်သားနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။မိုရာတာ ဟာ ချဲလ်ဆီးအသင်းမှာ ဂိုးသွင်းအဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူး တစ်ယောက် ဖြစ်လာစေရန် ယခုလို လေ့လာကြည့်ရှုနေတာလည်းဖြစ်ပါတယ်။ဒါ့အပြင် မိုရာတာ ဟာ ချဲလ်ဆီးအသင်းမှာ ဒရော့ဘာကဲ့သို့ ဖြစ်လာစေရန် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှုဟောင်း ဒီဒီယာဒရော့ဘာဟာ ချဲလ်ဆီးအသင်းနဲ့ အတူ ဆုဖလားများစွားရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် ချဲလ်ဆီးပရိသတ်တွေရဲ့ အမြဲတမ်းရင်ထဲမှာ ရှိနေတဲ့ တိုက်စစ်မှူးတစ်ယောက်လည်းဖြစ်ပါတယ်။ဒရော့ဘာ ဟာ ချဲလ်ဆီးအသင်းအတွက် သွင်းဂိုးပေါင်း ၁၆၄ ဂိုးသွင်းယူပေးထားနိုင်တဲ့ တိုက်စစ်မှုးတစ်ယောက်လည်းဖြစ်ပါတယ်။ဒါ့ကြောင့် မိုရာတာ ဟာ ဒရော့ဘာပုံစံလိုမျိုး ခြေစွမ်းပြ ဂိုးသွင်းမှုတွေပြုလုပ်ချင်နေတာပဲဖြစ်ပါတယ်။ 

မိုရာတာကို ချဲလ်ဆီးအသင်းက ယခုနှစ်လူဝယ်ရာသီမှာ ပေါင် ၅၈ သန်းနဲ့ ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။မိုရာတာဟာ လက်ရှိမှာ ချဲလ်ဆီးအသင်းအတွက် ၁၀ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပေမဲ့ လက်ရှိခြေစွမ်းကို အားမရသေးတာကြောင့် ယခုလို ကြိုးစားမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။မိုရာတာ တစ်ယောက် ချဲလ်ဆီးအသင်းအတွက် ဒရော့ဘာ လက်သစ် ဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်သွားရတော့မယ်ဗျာ။ 

source - daily mail sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။