ဒီဇင်ဘာ ၁၄ ရက် နံနက် ၁ဝ နာရီအချိန်ခန့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦး မြို့နယ် ချောင်းဦးကျေးရွာ ရွာလယ် လမ်းမပေါ်တွင် အချုပ်ခန်းဖောက်ထွင်း ထွက်ပြေးသွားခဲ့တဲ့ မူးယစ်တရားခံပြေး တစ်ဦးအား ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။အဆိုပါ တရားပြေး အေးနိုင်(ခ)နိုင်စိုးဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက် တွင် ကန့်ဘလူမြို့နယ် မလယ်နယ်မြေ ရဲစခန်း အချုပ်ခန်း အိမ်သာအထက် အမိုးသစ်သားချောင်းအား ခွာ၍ ထွက်ပြေး လွတ်မြောက်နေခဲ့တာပဲဖြစ်ပါတယ်။ 

၎င်း တရားခံပြေး အေးနိုင်(ခ)နိုင်စိုး ဟာ ရေဦး မြို့နယ် ချောင်းဦးကျေးရွာသို့ ရောက်ရှိနေတယ်လို့ သတင်းရရှိတာကြောင့် ရေဦးမြို့မ ရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် နေမျိုးအောင်နှင့်အဖွဲ့ ကသွားရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ တရားခံပြေးအား မူးယစ်မှု၊ အချုပ်ခန်း ဖောက်ထွင်း ထွက်ပြေးမှုတို့ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။  

သတင်းအရင်းအမြစ် - သစ်ထူးလွင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။