မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ သပြေရိုးအုပ်စု၊ လယ်ပေါ်ကျေးရွာတွင် အသက်(၁၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား သားမယားပြုကျင့်မှုဖြင့် တရားစွဲဆိုခံရသည့်ကျောင်းထိုင်ဆရာတော်တစ်ပါးကို တိုင်ချက် ဖွင့်ထားပြီး(၄)လကျော်သည့်အထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ပျော်ဘွယ်မြို့မရဲစခန်းမှ သိရသည်။

“ဒီအမှုကို ဇူလိုင် ၁၂ ရက်မှာ ရဲစခန်းမှာအမှုဖွင့်ပြီးတော့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ပျော်ဘွယ်မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားပါပြီ။ တရားစွဲဆိုခံရသူက ထွက်ပြေးနေတယ်။ တရားခံက ဘုန်းကြီးပါ၊ အသက်(၇၃)နှစ်၊ သူက ထွက်ပြေးနေတော့ ကျင့်(၅၁၂)နဲ့ထပ်မံတရားစွဲဆိုထားပါတယ်”ဟု ပျော်ဘွယ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

အဆိုပါအမှုအတွက် ပျော်ဘွယ်မြို့မရဲစခန်း၌ ဇွန် ၅ ရက်တွင် မိခင်ဖြစ်သူက တရားလိုပြုလုပ်၍သွားရောက်တိုင် ကြားခဲ့သောကြောင့် ဇူလိုင် ၁၂ ရက်တွင် အမှုအမှတ်(ပ)၂၂၃/၂၀၁၆၊ ပုဒ်မ ၃၇၆၊ ကျင့်(၅၁၂)ဖြင့် အမှုဖွင့်ပေးခဲ့ ခြင်းဖြစ်ကာ တရားစွဲဆိုခံရသူမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် လက်ရှိ နိုဝင်ဘာ ၂၄ ရက်အထိ ဖမ်းဆီးရမိ ခြင်းမရှိသေးကြောင်း သိရသည်။

ဖြစ်စဉ်မှာ လယ်ပေါ်ကျေးရွာအရှေ့ဘက်(၁)မိုင်ခန့့်အကွာတွင်ရှိသော ခြောက်ဆူကျောင်းတိုက်သို့ ပုံမှန်ဆွမ်းပို့ သူ အသက်(၁၃)နှစ်အရွယ်အမျိုးသမီးအား ကျောင်းထိုင်ဘုန်းကြီးဖြစ်သော အသက်(၇၃)နှစ်အရွယ် ဦးပညာ ဝံသ(ခ)ဦးချိုဝင်းက သားမယားပြုကျင့်ခဲ့ခြင်းကြောင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ဇွန် ၅ ရက်နေ့တွင် သမီးဖြစ်သူ

နေမကောင်းဖြစ်သဖြင့်စစ်ဆေးရာမှ အဓ္ဓမပြုကျင့်ခဲ့ရသည်ကိုသိရှိခြင်းဖြစ်ကြောင်း အမျိုးသမီး၏ဖခင်က ပြောသည်။ “ကျွန်တော်တို့ရွာနဲ့ဆို (၁)မိုင်ကျော်မှာရှိပါတယ်။ ခြောက်ဆူတောရကျောင်းတိုက်ပါ။ ရွာရဲ့အရှေ့ဖက်မှာ ရှိတယ်။ ဇွန် ၅ ရက်မှာ ပျော်ဘွယ်မြို့ဆေးခန်းမှာသွားစစ်ပြီးတော့ တစ်ခါတည်း ဇွန် ၅ ရက်နေ့မှာ တိုင်ကြားခဲ့ပါ တယ်။ ဇူလိုင် ၁၂ ရက်ကျတော့မှ ရဲစခန်းက အမှုဖွင့်ပေးပါတယ်”ဟု အဓ္ဓမကျင့်ခံရသူ မိန်းကလေး၏ ဖခင်ဖြစ်သူက ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ သပြေရိုးအုပ်စုအုပ်ချုပ်ရေးမှူးကိုမေးမြန်းစစ်ဆေးရန်အတွက် နိုဝင်ဘာ ၂၅ ရက်တွင် ပျော်ဘွယ်မြို့နယ်တရား ရုံးသို့ခေါ်ယူထားကြောင်း သပြေရိုးအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“ဘုန်းကြီးကတော့ ရှာမတွေ့သေးဘူးလေ။ ပျော်ဘွယ်ရဲစခန်းကတော့ ရုံးတင်ထားတယ်တဲ့၊ ကျွန်တော့်ကိုတော့ ရဲစခန်းကခေါ်ထားတယ်။ တရားလိုတွေတော့ မပါသေးဘူး၊ ကျွန်တော့်ကို အရင်ဆုံးခေါ်ယူမေးမြန်းမှာလေ။ ကျွန်တော့်ဆီကို တရားခံကိုခေါ်ခဲ့ဖို့ ဆင့်စာပို့တယ်။ မရှိတဲ့အတွက် မရှိကြောင်းပြန်တင်ပြရမှာလေ။

ဘုန်းကြီးက ဘယ်မှာကို အတည်တကျမရှိဘူး။ မန္တလေးဆိုလည်း မန္တလေးလိုက်တယ်။ မိတ္ထီလာကိုလည်း ရှာပြီးပြီ။ ဘယ် သွားမှန်းကိုမသိဘူး”ဟု သပြေရိုးအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ဆင့်က ပြောသည်။

သားမယားပြုကျင့်ခံရသည့် အသက်(၁၃)နှစ်အရွယ်မိန်းကလေးမှာ ပျော်ဘွယ်မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် နိုဝင်ဘာ ၂ ရက်နေ့က သားယောကျာ်းလေးမွေးဖွားခဲ့ပြီး၊ မိခင်နှင့်ကလေးမှာ ကျန်းကျန်းမာမာရှိနေကြောင်း သိရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။